part (14)

8.9K 920 39
                                    

Unicode

"ဟယ်လို "

တစ်ဖက်မှကြင်လင်စွာထွက်လာသည့် ဖုန်းဖြေသံကြောင့် taehyung၏နူပ်ခမ်းလေးမှာထောင့်ဆန်စွာ ကွေးညွန့်သွားခဲ့သည်။ သို့ပေမဲ့ ငွေ့ရည်ဖွဲ့နေသည့်မျက်ဝန်းမှစီးကျလာသောမျက်ရည်များမှာ ထိုကွေးညွန့်နေ
သော နူတ်ခမ်းအားဖြတ်ကာစီးဆင်းသွားခဲ့၏။  အပြုံးတွေကို မျက်ရည်တွေကလှောင်ရယ်ဟားတိုက်နေကြသည်။
ဖုန်းကိုကိုင်ထားတဲ့လက်လေးတွေက တစ်ဆတ်ဆတ်တုန်ယင်လာသလို ပြန်ဖြေမဲ့သူ့စကားသံက လည်ချောင်းထဲမှာသာ ဆို့နစ်နေခဲ့သည်။

ဘာလို့လဲ...ဘာလို့လဲtaehyungမင်းဘာဖြစ်နေတာလဲ....ဘာဖြစ်လို့လက်တွေတုန်နေရတာလဲ.....။ ဖုန်းကိုင်တဲ့သူကjiminမဟုတ်မှာစိုးရိမ်လို့လား။ ဟုတ်တယ်.... သူjiminမဟုတ်မှာကိုပဲစိုးရိမ်နေတာ။

ထိုအခါနှလုံးသားတစ်စုံက သံကုန်ဟစ်ကာအော်ပြောကြသည် သူလိမ်နေတာပါတဲ့။
Taehyungနှလုံးသား၏ အော်ဟစ်သံအားမျက်ကွယ်ပြုလိုက်သည်။
ငါတစ်ကယ် ဒီနေရာကထွက်သွားချင်ပါပြီ။

"ဟယ်ဟို...."

နောက်ထပ်တစ်ခေါက်ထွက်လာတဲ့ ဖြေသံကြောင့် သူအားယူကာပြန်ဖြေလိုက်၏။

"Jimin. ...jiminie"

"ဟင်....taehyung......taehyungမလား"

"အင်း....ငါtaehyungပါ"

ပြန်ဖြေနေတုန်းမှာ မျက်ရည်ပြည့်လာခဲ့ပြန် တဲ့မျက်ဝန်းအိမ်။ ဝေခွဲမရတဲ့စိတ်တွေက သူ့ကိုအမျိုးမျိုးနှိပ်စက်နေကြ၏။
နာကျင်ရင်မူကို ဖော်ကြူးသည့်မျက်ရည်များရစ်သိုင်းလာချိန် အမြင်တွေဝေဝါးလာသည့်အခါ သူမျက်လွှာအစုံကိုပိတ်ချလိုက်တော့
ပြည့်လျှံနေတဲ့မျက်ရည်တွေက ပါးပြင်နှစ်ဖက်ကိုဖြတ်ကာ စီးဆင်းသွားခဲ့သည်။

နှလုံးသားထဲတစ်ခုခုလစ်ဟာသွားလို။၊တစ်ခုခုကိုပဲ ဆုံးရှုံးလိုက်ရတော့မလို။
ခံစားနေရတဲ့ဝေဒနာတွေအား မိမိကိုယ်မိမိလိမ်ညာ၍ ပျော်ရွှင်စိတ်လူပ်ရှားခြင်းလို့ ခေါင်းစဉ်တတ်မည်။
လိမ်ညာခေါင်းစဉ်တတ်ခြင်းဆိုရင်တောင်မှ
သူဆိုတာလိမ်ညာမူတွေနဲ့ရင်းနှီးခဲ့ပြီမဟုတ်ပါလား.....။ လိမ်ညာနေရခြင်းကသူ့အတွက် အကောင်းဆုံးသောရွေးချယ်မူပင်ဖြစ်နေခဲ့ပြီ။

Behind The Same (Completed) Where stories live. Discover now