part (5)

10.4K 1K 24
                                    

Unicode

Taehyung ကကုတင်ပေါ်မှာထိုင်နေသလို jungkookဟာလည်းtaehyungနှင့်မျက်နှာချင်းဆိုင်ကုတင်ရှေ့ကထိုင်ခုံပေါ်မှာပဲ
မှာထိုင်နေခဲ့သည်။ သို့သော်အခန်းထဲရှိ လူနှစ်ယောက်၏တိတ်ဆိတ်နေမူကြောင့် အခန်းတစ်ခုလုံးကအေးစက်ငြိမ်သက်လို့....။
နှစ်ယောက်လုံးဟာစကား တစ်ခွန်းမှမပြောဖြစ်ကြ။

တိတ်ဆိတ်လွန်းနေတဲ့အခြေအနေကြောင့် သူ ကလေးကိုကြည့်လိုက်မိတော့ ခေါင်းလေးငုံ့နေပြီး လက်ဖဝါးလေးနှစ်ဖက်ကိုခပ်တင်းတင်းလေးဖျစ်ညစ်ပြီးထိုင်နေတာ...။
ထိုပုံစံလေးကြောင့် သူ့ရင်ထဲထိန့်ခနဲ့။
ကလေးကကြောက်နေတာတာလား.....။

"ထယ်ထယ်....."

Jungkook ခေါ် လိုက်ပေမဲ့ငုံ့နေတဲ့ခေါင်းလေးက မော့ကြည့်မလာခဲ့။
ထိုအခါJungkookမှာ ထိန့်ထိန့်ပြာပြာဖြစ်သွားရလေပြီ။

"ထယ်ထယ်...ကိုယ်ခေါ် နေတယ်လေ။
ကိုယ်ပြောတာကြားရဲ့လားကလေး... "

"ဟင့်...."

ကြားလိုက်ရတဲ့ရိူက်သံလေးကြောင့် jungkookခေါင်းတစ်ခုလုံးထူပူသွားရ၏။
ကလေးက ငိုနေတာ...။

ခုနကသူဘာမှမပြောပဲ ထိုင်နေမိတာကိုကလေးကဘယ်လိုထင်သွားသည်မသိ။
တစ်ကယ်ကသူဘာလိုပြောရမလဲတွေးနေမိခဲ့တာ... ကလေးအားစိတ်ဆိုးခြင်း အနည်းမှမရှိ။ ဒီနေ့ဖြစ်ခဲ့သမျှကလည်း ကလေးရဲ့အမှား တစ်ခုမှမပါ။ အရင်ကပေါင်းခဲ့မိတဲ့အပေါင်းအသင်းတွေကြောင့် ဖြစ်ခဲ့သည်ပင်။ သူနားလည်ပါ၏။

ထိုကလေးနားဝင်အောင်ပြောနိုင်ဖို့အတွက် သူတွေးနေမိခဲ့တာ။ ဆိုးသွမ်းတဲ့အပေါင်းအသင်းတွေနဲ့အဆက်ဖြတ်ဖို့ကလေးကိုနားဝင်အောင်ပြောနိုင်ဖို့လိုအပ်သည်မလား။ အပေါင်းအသင်းတွေဆိုတာ လွယ်လွယ်နဲ့အဆက်ဖြတ်လို့ရတဲ့ အရာမျိုးမှမဟုတ်ပဲလေ....။

သူ့ကလေးလေး ကိုယ်တိုင်ကအရမ်းဆိုးခဲ့သည်ကြောင့် ဆိုးတဲ့အပေါင်းအသင်းတွေရှိနေတာအဆန်းမဟုတ်ပေမဲ့အခုတော့ ကလေးလိမ္မာသင့်နေပြီ.....။
ဆိုးတဲ့အပေါင်းအသင်းတွေနဲ့လည်း အဆက်ဖြတ်သင့်နေပြီ တတ်နိုင်သမျှအဝေးဆုံးနေသင့်ပြီ.....။
ဘာလို့လဲဆိုသူကိုယ်တိုင်ပြောင်းလဲပစ်မှာမလို့.....ကလေးဘဝရဲ့ဆိုးသွမ်းတဲ့အစိတ်အပိုင်းတွေအကုန်လုံးကို ဖယ်ရှားပြီးကောင်းမွန်တဲ့အစိတ်အပိုင်းတွေနဲ့
သာရှင်သန်စေမှာမလို့.....။

Behind The Same (Completed) Where stories live. Discover now