part (15)

9.4K 941 55
                                    

Unicode

Taehyungအကုန်ပြင်ဆင်ပြီးပြီ။
ပြင်ဆင်ထားတဲ့အထဲ ဝေခွဲမရတဲ့သူ့ရဲ့စိတ်ကအပါအဝင်တစ်ခုဖြစ်၏။
ဝေခွဲမရတဲ့စိတ်တွေကို ပြင်ဆင်ခဲ့ရတာကထင်တာလောက်မလွယ်။
သူ့မှာအရူးတစ်ယောက်လိုငိုလိုက်၊ရယ်လိုက်နဲ့တစ်ညလုံးဖြတ်သန်းခဲ့ရသလို
မျက်ရည်တွေ၊ဝမ်နည်းမူတွေနဲ့ ကြေကွဲဆို့နစ်မူတို့၏ နှိပ်စက်ဝါးမြိုခြင်းကိုလည်း ရူးမတတ်ခံစားခဲ့ရသည်။ မိုးလင်းခဲ့သည့်တိုင် သူ့မှာတစ်ချက်မှအိပ်မပျော်ခဲ့။

ကုတင်ပေါ် ပုံပုံလေးထိုင်နေသောtaehyungမှာ တစ်ညလုံးငိုထားသည်
ကြောင့်မျက်ခွံလေးတွေမှာမော့အစ်လို့။
နှာခေါင်းဖျားလေးတွေမှာလည်း နီရဲလို့နေ
သည်။ မို့အစ်နေတဲ့မျက်ခွံလေးတွေအောက် မျက်လုံးလေးတွေမှာလည်း အရည်ကြည်တွေကအခုထိနေရာယူရစ်ဝိုင်းနေတုန်းပင်။

Taehyungပြတင်းပေါက်မှ တရိပ်ရိပ်တက်လာသော နေမင်းကြီးကိုကြည့်ပြီးရင်ဘတ်ထဲဆို့နစ်လာရပြန်၏။
ထွက်ပေါ်လာသော နေမင်းကြီးကိုနောက်နေ့မနက်တွင် အခုရှိနေသောနေရာလေးကနေကြည့်ခွင့်ရှိတော့မည်မဟုတ်။
နောက်နေ့ နေမင်းကြီးမထွက်ခင်မှာပဲ သူဒီကထွက်သွားရတော့မှာဖြစ်သည်။

မားတို့ရဲ့ အေးမြနွေးထွေးတဲ့မိဘမေတ္တာတွေကလည်း အိမ်မက်တစ်ခုလိုပျောက်ကွယ်သွားမှာဖြစ်သလို ကိုကိုရဲ့ဂရုစိုက်ယုယမူတွေ၊ချစ်ခြင်းမေတ္တာတွေကိုလည်း ဆုံးရူံးရတော့မည်ကို တွေးလိုက်တိုင်းနှလုံးသားတစ်ခုလုံးမီးလောင်မြိုက်နေသလိုပူလောင်ရ၏။

ထိုအရာတွေက ဟန်ဆောင်နေရာယူမိခြင်းအတွက်ပြန်ခံစားရတဲ့ ဝေဒနာတွေများဖြစ်နေလေလား.....။ အရင်တည်းက ကိုယ့်အပိုင်မဟုတ်တဲ့အရာတွေကို အခုချိန်စွန့်လွှတ်ရတာတောင်ဒီလောက်ခက်ခဲနေတာ တစ်ကယ့်ပိုင်ရှင်ဖြစ်တဲ့taeyeonဆိုလျှင်ကော......
သူ့နေရာမှာ အစားထိုးနေရာယူနေတာကိုသိရင် သတ်ပစ်ချင်လောက်အောင်မုန်းမှာအသေအချာ။
တစ်ကယ်တော့ အရာအားလုံးကိုစတင်ခဲ့တဲ့သူရဲ့အမှားတွေချည်းသာ။

မနက်စားမလို့မားက လာခေါ်ပေမဲ့အိပ်ချင်နေသေးလို့နောက်မှစားပါ့မယ်ဆိုပြီး ပြောတာကိုယုံပြီး မားနဲ့တီတီတို့ကဆိုင်ကိုထွက်သွားကြပြီ။တစ်ကယ်လို့ မားသာဝင်တာခဲ့ရင်သူငိုထားတွေ့ပြီးစိတ်ပူနေကြဉီးမှာလေ....
အဲလိုဆိုသူ ပိုပြီးထွက်သွားနိုင်မည်မဟုတ်။

Behind The Same (Completed) Where stories live. Discover now