စာကိုဖတ်လိုက်ပြီးနောက် ဟန်သစ်က ပြုံးလိုက်လေ၏။

"ခိုင်ကတော့လေ..."

.............................................

အတန်းထဲမှ ဆရာမ ထွက်သွားသည်နှင့် ရတီက သွန်းတို့ဘက်သို့ လှည့်ကာ

"Canteen သွားရအောင်... တစ်ခုခုစားပြီးမှ ပြန်လာကြမယ်လေ..."

လမင်းက သူမတို့၏ ကြားရှိ သွန်းကိုကျော်၍ ရတီ့အား လှမ်းကြည့်ကာ

"အေး... ငါလည်း ဗိုက်ဆာနေတာ..."

"နင်တို့ မနက်စာ မစားခဲ့ဘူးလားဟာ... နောက်တစ်ချိန်က အင်္ဂလိပ်စာချိန်လေ... ငါနောက်ကျမှ အတန်းထဲရောက်လာရင် တီချယ်ဆွေက ငါ့အမေကို တိုင်မှာပေါ့..."

" မုန့်ကလေး သွားစားတာပဲဟာကို... ဟူး... ဆရာ၊ဆရာမ သား၊သမီး ဖြစ်ရတာ မလွယ်လိုက်တာ..."

မကျေမနပ်ပြောလာသော ရတီ့ကြောင့် သွန်းက ရယ်လိုက်ကာ

"လာ...လာ... မြန်မြန်သွားမယ်..."

သွန်း၏ စကားကြောင့် ရတီနှင့်လမင်းတို့ ပစ္စည်းများကို အမြန်ကောက်သိမ်းလိုက်ကြလေ၏။

သွန်းတို့ကစာသင်ခန်းထဲမှ အတူထွက်လာကာ လှေကားသို့ ဆင်းလိုက်သည်နှင့်

"ကလေးတွေ နောက်တစ်ချိန်က ဘာချိန်လဲ..."

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် သွန်းတို့သုံးယောက် ကြောက်အားလန့်အားဖြင့် အနောက်သို့ လှည့်ကြည့်လိုက်ကြလေ၏။

ဟန်သစ်ကတော့ ပြုံးကာ သူမတို့ သုံးယောက်အား ကြည့်နေလေ၏။

"ဟို... အင်္ဂလိပ်စာချိန်ပါ တီချယ်..."

သွန်းက ခေါင်းငုံ့ကာ ဖြေလိုက်လေ၏။

"ဘယ်ဆရာမ ဝင်မှာလဲ..."

"ဒေါက်တာယဉ်မင်းဆွေ..."

"ဪ... ဒါနဲ့ အတန်းရှိတာကို အခုက ဘယ်လဲ..."

သွန်းက ခေါင်းကုတ်လိုက်ကာ ရတီတို့အား ကြည့်၍

"သူတို့က ဗိုက်ဆာတယ်ဆိုလို့ မုန့်သွားစားကြမလို့..."

"အင်း... ပြန်လာမှာလား... ပြန်လာမယ်ဆို ဒေါက်ဆွေ လာရင် တီချယ် ပြောထားပေးမယ်။"

By Loving (own creation)Where stories live. Discover now