"အကျင့်က ဖျောက်ရခက်တယ်လေ တီချယ်ရဲ့..."

ရယ်မောကာ ပေါ်တီကိုအောက်အတူဝင်သွားသော ဟန်သစ်နှင့် ငွေနှင်း၏ နောက်မှ သွန်းက လိုက်လာလေ၏။

ပေါ်တီကိုအောက် ရောက်လေလျှင် ဟန်သစ်က ထီးပိတ်လိုက်ရင်း

" ညနေ ပြန်ခါနီးရင် ဖုန်းဆက်နော် တီချယ်..."

" အေးပါ... အပေါ်ထပ်နဲ့အောက်ထပ်ပဲဟာ ငါတက်လာခဲ့ပါမယ်..."

" အပေါ်တက်လာတော့ တီချယ်ညောင်းမှာပေါ့လို့..."

" ဪ... ဒီကလေးနှယ်..."

ငွေနှင်းက သွန်းကို လှည့်ကြည့်ကာ

"သမီးလေး မေမေသွားပြီနော်... အတန်းတအား မပြေးနဲ့ဦး... နင်တို့ဌာနမှူးက အပေါက်ဆိုးတယ်..."

ငွေနှင်း၏စကားကြောင့် ဟန်သစ်က မျက်စောင်းထိုးကာ

"ဘယ်လိုပြောလိုက်တယ်..."

သွန်းကတော့ ရယ်လျက် ဟန်သစ်၏လက်ကို ချိတ်လိုက်ကာ

"မေမေကလည်း သမီးတို့ တီချယ်က ဒီလောက် သဘောကောင်းတာကို... နော် တီချယ်..."

ဟန်သစ်က ပြုံးလိုက်ပြီး သွန်း၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ

"ငါ့သမီးလေးပဲ ကောင်းတယ်... ရှင့်အမေက စိတ်ပုပ်..."

ဟန်သစ်၏ စကားကြောင့် ရယ်လိုက်ကြလေ၏။

ဟန်သစ်နှင့်သွန်းက လှေကားအတိုင်း တက်လာကြလေ၏။ ဌာနမှူးရုံးခန်းအတွင်း ဝင်လာကြလေသည်။ သွန်းက ဟန်သစ်၏ စားပွဲပေါ်၌ ဖိုင်အိတ်ကို တင်လိုက်ပြီးနောက် ဟန်သစ်အား ထမင်းဘူး ပေးလိုက်လေသည်။

"တီချယ့်အတွက်..."

"အို..."

"တီချယ်က နေ့လယ်စာ သိပ်မစားဘူးဆိုလို့ မေမေ ထည့်ပေးလိုက်တာ... သူပေးရင် ဘာလို့ထည့်လာတာလဲ ပြောမှာစိုးလို့တဲ့... မအားဘူးဆိုရင်တောင် စားဖြစ်အောင် စားပါတဲ့..."

ဟန်သစ်က ပြုံးလျက် သွန်းထံမှ ထမင်းဘူးကို ယူလိုက်ကာ...

By Loving (own creation)Where stories live. Discover now