" ဟုတ်တယ်လေ... နင် ကြိုက်တယ်ဆို ပေါ်တင်ပြောလိုက်... အငြင်းခံရတာရယ်၊ ပါးရိုက်ခံတာရယ် နှစ်မျိုးပဲ ရှိမယ်..."

" ဟဲ့ ... တော်...တော်...တော်... နိမိတ်မရှိ နမာမရှိ..."

"အသစ်... တွေဝေနေတတ်တာ နင့်အကျင့်မဟုတ်ဘူးနော်... နှုတ်တစ်ရာ စာတစ်လုံးတဲ့... လူကိုယ်တိုင် မပြောရဲရင် စာပေးလိုက်... နင် မပေးရဲရင် ငါကြားထဲကနေ ပေးပေးမယ်..."

" အို..."

" တွေဝေမနေနဲ့ အသစ်... နင့်ဘက်က ရအောင်ချဉ်းကပ်ပေါ့... အခုမပြောချင်လည်း အရင် ခင်အောင် ကြိုးစားကြည့်လေ... တဖြည်းဖြည်းနဲ့ သံယောဇဉ်ဖြစ်ပြီး သဘောကျလာနိုင်တာပဲ..."

" အား... စိတ်ညစ်ပါတယ်ဟယ်... ဪ... ခိုင်... ခိုင်..."

ပြောရင်း သက်ပြင်းချလိုက်သော ဟန်သစ်ကိုကြည့်ကာ မင်းမောင် ခေါင်းယမ်းလိုက်လေသည်။
.............................................

Car parking ၌ ကားရပ်လိုက်သည်နှင့် ငွေနှင်းက ခါးပတ်ကို ဖြုတ်လိုက်ကာ အနောက်ခုံရှိ သွန်းအား လှည့်ကြည့်ရင်း

"မေမေ့ကို လိုက်မပို့နဲ့တော့ သမီး... သမီးတီချယ်ကိုပဲ အခန်းထဲထိ လိုက်ပို့ပေးလိုက်နော်... မေမေ မှာထားတာ မမေ့နဲ့ဦး..."

ဟန်သစ်က ငွေနှင်းကို ကြည့်ရင်း ပြုံးလိုက်ကာ

"တီချယ်ကလည်း ကားပေါ်က ဆင်းမှ ပြောလည်း ရတဲ့ဟာကို..."

သွန်းကတော့ ရယ်လိုက်လေသည်။

သုံးယောက်သား ကားပေါ်က အတူဆင်းလာလေသည်။ သွန်းက ဟန်သစ်၏ နံဘေးပြေးသွားကာ ဟန်သစ်လက်ထဲရှိ ဖိုင်အိတ်ကို ဆွဲယူလိုက်ရင်း

"သမီး ယူပေးမယ် တီချယ်..."

"ဟုတ်ပါပြီရှင်..."

ဟန်သစ်က ဖိုင်အိတ်အား သွန်း၏ လက်ထဲပေးလိုက်ပြီးနောက် ခေါက်ထီးကို ဖွင့်ကာ ငွေနှင်းကို အမြန်ဆောင်းပေးလိုက်၏။

" ဟန်သစ်နွယ်တို့က အခုထိ ဇီဇာကြောင်တုန်းပဲကိုး..."

မျက်လုံးဝင့်ကာ ပြောလိုက်လေသော ငွေနှင်း၏ စကားကြောင့် ဟန်သစ်က ပြုံးလိုက်ကာ

By Loving (own creation)Where stories live. Discover now