" နင် ခုန ဘာပြောလိုက်တာတုန်း အသစ်... နင်က ... နင်က အသည်းကွဲတယ်... ဘာကြီးတုန်း... "

ဟန်သစ်က ပန်းကန်ထဲရှိ ပဲပလာတာကို ကောက်ယူ ဝါးလိုက်ရင်း

" ဟုတ်တယ်... ငါ အသည်းကွဲနေတယ်... ထင်တာပဲ... ငါလည်း ဒီ feeling ကြီးကို မပြောပြတတ်တော့ဘူး... ငါ့ကိုယ်ငါလည်း နားမလည်ဘူး။"

" ပြောစမ်း သူငယ်ချင်း။ နင့်ကို ခံစားရအောင် ဘယ်ကောင်လုပ်တာတုန်း..."

" အကောင်မဟုတ်ဘူး..."

" ဟမ်..."

ဟန်သစ်၏ စကားကြောင့် မင်းမောင်က မျက်မှောင်ကျုံ့၍ ခေါင်းကုတ်လိုက်ကာ

" ဒါဆို ဘယ်မိန်းမတုန်း... "

ဟန်သစ်က မျက်နှာငယ်လေးဖြင့် မင်းမောင်ကို ကြည့်လိုက်လေ၏။

" နင်... မဟုတ်မှလွဲရော... ဟို အင်္ဂလိပ်စာ 4skills ဆရာမကို ကြိုက်နေတာလား..."

ဟန်သစ်က လမ်းမဘက်ကို ငေးကာ သက်ပြင်းချလိုက်လေ၏။

" ဟမ်... တကယ်လား..."

" အေး... ထင်တာပဲ..."

" အဲ့ဒါကြောင့် ငါတို့နဲ့ အတူ ရုပ်ရှင်မလိုက်ဘဲ ကျန်နေခဲ့တာလား..."

" အဲ့နေ့က ငါသာ နင်တို့နဲ့ လိုက်ခဲ့မိရင် ငါ အခုလို ခံစားနေရမှာ မဟုတ်ဘူး... ငါက အတန်းမပျက်ချင်လို့ နေခဲ့မိတာ... သူ roll call ခေါ်ရင်း စိတ်ဆိုးနေတာကို ကြည့်ပြီး ကြိုက်သွားတာပဲ..."

" ဟမ်... နင့်အဖြစ်ကလည်း..."

" ငါ ဘာလုပ်ရမလဲဟင်..."

" နင့်ဟာက ဘယ်လိုဖြစ်နိုင်မှာလဲ... မိန်းကလေးချင်း..."

" ငါလည်း အဲ့ဒါကြောင့် စိတ်ညစ်နေတာပေါ့ဟယ်... ငါ့ကိုယ်ငါလည်း နားမလည်နိုင်ဘူး... ငါ ဘယ်လောက်ထိ မိန်းမဆန်သလဲ နင်တို့အသိပဲ..."

" အေးလေ... အံ့ပါရဲ့... နင် အခု ဘာလုပ်ချင်လဲ... ငါ အဲ့ဆရာမကို သွားပြောလိုက်ရမလား..."

" ဟမ်... ဘာပြောမှာလဲဟင်..."

"နင် သူ့ကို ကြိုက်နေတယ် ဆိုပြီးတော့လေ..."

ဟန်သစ်က မင်းမောင်ကို မျက်စောင်းထိုးကာ

" နင်နော်..."

By Loving (own creation)Where stories live. Discover now