" ကိုလင်း... ကျွန်တော့်ကို ပုံမှန်တစ်ခွက်... "

အဖျော်ဆရာကို လှမ်းအော်ပြီးနောက် ဟန်သစ် အရှေ့ရှိ ပဲပလာတာကို နှိုက်စားရင်း

" နင် ဒီမှာမှန်း ထင်သားပဲ... အတန်းထဲမှာ မတွေ့တာနဲ့ လိုက်လာတာ..."

" ဟင်း... "

ဟန်သစ်ကတော့ မေးထောက်ရင်း
သက်ပြင်းချလိုက်ကာ

" ဘာကိစ္စလဲ... "

" အစ်မရေ ... မန္တလေးပဲကြော်နဲ့ မုန့်ဟင်းခါးတစ်ပွဲ ပေးပါဦး... "

မင်းမောင်က ဟန်သစ်၏ အမေးကို မဖြေဘဲ
မုန့်ဟင်းခါး မှာလိုက်ပြီးနောက် ဟန်သစ်ကို
ကြည့်လိုက်ကာ

" ဘာဖြစ်ရမှာတုန်း... မနက်စာ စားဖို့လေ... အရင်လည်း မနက်တိုင်း အတူစားနေကျပဲကို... နေစမ်းပါဦး နင်က ဘာဖြစ်နေတာတုန်း... ဘာတုန်း... ခင်ချို ကျောင်းထွက်သွားလို့ အဖော်မရှိတော့လို့လား... အေးဆေးပါဟာ... ငါ ရှိသေးတာပဲ... "

" ဘာတွေလာပြောနေတာလဲ... ခင်ချို ကျောင်းထွက်တာနဲ့ ဘာဆိုင်လဲ... "

" မသိဘူးလေ... နင်က မှိုင်နေတာကိုး... "

မင်းမောင်၏ စကားကြောင့် ဟန်သစ်က
မင်းမောင်ကို ကြည့်လိုက်လေသည်။

မင်းမောင်က စားပွဲထိုး လာချပေးသော
လက်ဖက်ရည်နှင့် မုန့်ဟင်းခါးကို သူ၏အရှေ့၌ နေရာချနေလေသည်။

ဟန်သစ်က မုန့်ဟင်းခါးပန်းကန်ကို ဆွဲယူကာ
မန္တလေးပဲကြော်ကို ခပ်ယူစားလိုက်ရင်း

" ဒီမန္တလေးပဲကြော်ကို ငါတို့ဘက်မှာ ဂျင်းပဲကြော်လို့ ခေါ်တာ... "

" ကျွတ်... အခေါ်အဝေါ်မတူလို့ နင်က အခုလို မှိုင်နေတာလား... "

" ငါ အသည်းကွဲနေတာ..."

ဟန်သစ်၏ စကားကြောင့် မင်းမောင် မုန့်ဟင်းခါးစားနေရင်း မော့ကြည့်လာလေသည်။
ဟန်သစ်က မင်းမောင်၏ မျက်နှာကို ခပ်ဆွေးဆွေးကြည့်ရင်း

" နင့် နှာခေါင်းမှာ နံနံပင်ဖက်ကြီး... "

မင်းမောင်က နှာခေါင်းကို ပွတ်လိုက်ကာ

By Loving (own creation)Where stories live. Discover now