ဟန်သစ်သည် ထမင်းချိုင့်ကို လပေးဖြင့် ချိုင့်ဆွဲယူသူ ဖြစ်သဖြင့် ယခုလည်း ပေါ်တီကိုအောက်၌ ရပ်ကာ ထမင်းပို့သူကို စောင့်နေလေ၏။

" အသစ်... "

ထမင်းချိုင့်ပို့သူ ဦးစိုးက လှမ်းခေါ်လေရာ လှည့်ကြည့်ရင်း စက်ဘီး၏အနောက်ထိုင်ခုံပေါ်ရှိခြင်းတောင်းထဲမှ မိမိ၏ထမင်းချိုင့်ကို အမြန်ပြေးယူလိုက်လေ၏။

ဦးစိုးသည်လည်း စက်ဘီးကို ဆက်၍ နင်းထွက်သွားလေ၏။

" ဪ... ထမင်းချိုင့်လာပို့တာကိုး... "

ဟန်သစ်တစ်ယောက် အသံကြားရာ အနောက်သို့ လှည့်ကြည့်လေသော် ငွေနှင်းက ပြုံးလျက်။

ငွေနှင်းက ဟန်သစ်ထံသို့ လျှောက်လာကာ

" သမီးက တောင်ဒဂုံ ထဲမှာပဲ နေတာလား..."

ဟန်သစ်က ခေါင်းကိုခပ်သွက်သွက်ယမ်းလိုက်ရင်း

" ဟင့်အင်း... အဆောင်နေတာရှင့်... "

" ဪ... နယ်ကပေါ့... "

" ဟုတ်ကဲ့... ပုသိမ်ကပါ... "

" ဪ... "

" ဟေး ... သစ်သစ်... အာ... တီချယ်... "

သီတာက ဟန်သစ်အားလှမ်းခေါ်ရင်း ငွေနှင်းကို တွေ့လိုက်သောကြောင့် ရုတ်တရက် ပါးစပ်ကို အုပ်လိုက်မိလေ၏။

" သွားလိုက်ဦးမယ်... "

" ဟုတ်ကဲ့ ... တီချယ်... "

ငွေနှင်းက ပြောရင်း ထွက်လာလေ၏။

" ရှင်က ထမင်းချိုင့်ယူမယ်ဆိုပြီး ကြာနေလို့လေ... တို့က အတူလာစောင့်ပေးတာ... ချိုင့်ရပြီလား... "

" အင်း ... ရပြီ... "

ဟန်သစ်နှင့် သီတာကလည်း ပြောရင်း အတန်းထဲ ပြန်ဝင်လာလေ၏။
...................................

ကျောင်းအနောက်ဘက် ရပ်ကွက်အတွင်းရှိ ထိုင်နေကြ လက်ဖက်ရည်ဆိုင်၌ ဟန်သစ်တစ်ယောက်တည်း ထိုင်နေရင်း အပြင်ဘက်ကို ငေးကြည့်နေလေသည်။

မင်းမောင်က ဝင်လာပြီး ဟန်သစ်၏ ဘေးဘက်၌ ထိုင်လိုက်ကာ

By Loving (own creation)Where stories live. Discover now