" ကျေးဇူး သူငယ်ချင်း... "

မင်းမောင်တို့အနားမှ ဟန်သစ်ထွက်လာလေ၏။
အတန်းထဲရောက်သော် ထိုင်နေကျ ခုံ၌ မင်းမောင်တို့က တစ်ဖွဲ့လုံး အတန်းမလာသဖြင့် ဟန်သစ် တစ်ယောက်တည်းသာ...

" ဟိတ်... တစ်ယောက်တည်းလား သစ်သစ်... တို့နဲ့ လာထိုင်လေ... "

ဘယ်ဘက်ခြမ်း roll မှ သီတာ က လှမ်းခေါ်သဖြင့် ဟန်သစ်လည်း ခေါင်းညိတ်ကာ သီတာ့နံဘေး သွားထိုင်လိုက်လေ၏။
..............................

ငွေနှင်းတို့သည် စာပေဌာနမှ ဆရာမများဖြစ်သဖြင့် စာသင်ချိန်များတွင် မေဂျာအားလုံးကို စု၍ စာသင်ရလေရာ အလွန် ဆူညံနေလေ၏။

" မင်းတို့တွေကလေ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ ဖြစ်နေပြီ။ သိတတ်တဲ့အရွယ်ရောက်နေကြပြီ။ အရှေ့က ဆရာမကို အားနာကြပါဦး။ roll call လိုချင်လို့ အတန်းလာကြတာမလား။ ငါ့ကို နာမည်နဲ့ခုံနံပါတ် လာပေးထား။ တစ်နှစ်စာ roll call ထည့်ထားပေးမယ်။ စာမသင်ချင်ဘဲနဲ့တော့ အတန်းထဲလာပြီး ဆူညံမနေနဲ့။ အရှေ့မှာ ဆရာမက အာပေါက်အောင် စာသင်နေတယ်။ မင်းတို့က စကားများနေတယ်။ အခုလည်း roll call ခေါ်နေတယ်။ ထူးပြီးတဲ့လူက ငြိမ်နေလေ။ မထူးရသေးတဲ့လူကလည်း ကိုယ့်နာမည်ကိုယ် ဂရုစိုက်နားထောင်လေ။ ပြီးတော့မှ ကျွန်တော် မထူးလိုက်ရလို့ပါ ဆိုပြီး လာပြောဦးမယ်။ "

အတန်းရှေ့၌ စိတ်ဆိုးစွာဖြင့် အော်ဆူနေသော ငွေနှင်းကို ငေးကြည့်နေမိရင်း ဟန်သစ်ကိုယ်တိုင်ပင်
မသိလိုက်ဘဲ ပြုံးလိုက်မိလေသည်။
ထို့နောက် ဟန်သစ်သည် သူမ ပြုံးလိုက်မိသည်ကို သတိရကာ ချက်ချင်းဆိုသလို ပြန်တည်လိုက်လေသည်။

ဘာ့ကြောင့် ငွေနှင်းအား ငေးကြည့်ရင်း
ပြုံးမိသည်ကို ဟန်သစ်ကိုယ်တိုင်ပင် မသိချေ။

အတန်းပြီးသည်နှင့် ဟန်သစ်တစ်ယောက် အတန်းထဲမှ အမြန်ပြေးထွက်လာလေ၏။

ငွေနှင်း၏ စိတ်ဆိုးနေသည့်မျက်နှာကို သူမ စိတ်အတွင်း မေ့ဖျောက်၍မရဖြစ်နေသည်ကို သူမသာလျှင် သိလေသည်။

By Loving (own creation)Where stories live. Discover now