ဟန်သစ်က ရယ်လိုက်ကာ

"Sorry ... ပြောချင်လွန်းသွားတာ... စေတနာနဲ့ ကျွေးရင် သေဆေးတောင် စားရတယ်တဲ့..."

"နွယ် ညစာရော ဘယ်လိုစားလဲ။"

"အရင်လိုပဲလေ... ထမင်းစားချင်တဲ့နေ့ဆို ချက်စားလိုက်တယ်... ဒီအတိုင်း နွယ်က ထမင်းကို အဓိကထားပြီး မစားတော့ အဆင်ပြေတယ်လေ..."

"နွယ်က မြန်မာနိုင်ငံသားမှ မစစ်တာ..."

" အို... ခိုင်တို့ မြန်မာနိုင်ငံကလူတွေကသာ ထမင်းကလွဲရင် စားစရာလို့ မမြင်ကြတာ... တကယ်ဆို အာဟာရဖြစ်ပြီး ဗိုက်ပြည့်ဖို့က အဓိကလေ... ထမင်းတစ်မျိုးတည်း အာဟာရဖြစ်တာမှ မဟုတ်တာ..."

"အေးပါ... အလုပ်သာ မြန်မြန်လုပ်..."

"ဟုတ်..."

.........................................

ဟန်သစ်နှင့် ငွေနှင်းက အတူ ထွက်လာကြလေ၏။
Car parking ရောက်သည်နှင့် ဟန်သစ်က ငွေနှင်းအတွက် ဦးစွာ lover seat ဘက်မှ တံခါးဖွင့်ပေးလိုက်သည်။
ငွေနှင်းက ကားပေါ်တက်သွားသည်နှင့် ကားတံခါးကို ပိတ်လိုက်ကာ သူမလည်း driver seat ဘက်သို့ ပြန်သွားကာ ကားပေါ်တက်လိုက်လေ၏။

ကားသည် တလိမ့်လိမ့် ထွက်ခွါလာလေ၏။

" နွယ်... တစ်ခုခု သွားစားရအောင်... တို့ ဝယ်ကျွေးမယ်လေ..."

"ဝယ်ကျွေးတာက ဘယ်သူဖြစ်ဖြစ်ပါ... ခိုင် ဘာစားချင်လဲ..."

" ခိုင်က အကြောင်းမဟုတ်ဘူး... နွယ် ဗိုက်ဆာနေမှာစိုးလို့..."

ဟန်သစ်က ပြုံးလိုက်ကာ

" အဲ့ဒါဆို မုန့်ပဲမှာစားရအောင်... နွယ့်အိမ်ကို မရောက်ဖူးဘူးမလား..."

"အင်း... ဒါနဲ့ ဘယ်မှာနေတာလဲ"

ငွေနှင်း၏ မေးခွန်းကြောင့် ဟန်သစ်က မျက်စောင်းထိုးလိုက်ကာ

"မသိဘူးလား..."

" ဟင့်အင်း... နွယ် မပြောပြဖူးဘူးလေ..."

"ခိုင်ကရော မေးလို့လား..."

"ကဲပါ... ဘယ်မှာနေတာလဲ အခု..."

By Loving (own creation)Where stories live. Discover now