ရတီက ရယ်လိုက်ကာ

" ဘာပဲဖြစ်ဖြစ် ငါတို့တော့ ဒီတစ်ခါ ဌာနမှူးကံကောင်းတာပဲ..."

.................................

"ဒေါက်... ဒေါက် ... ဒေါက်"

အခန်းတံခါးခေါက်သံ ကြားရသည်နှင့် တပြိုင်နက်

"တီချယ် ဝင်ခွင့်ပြုပါရှင့်..."

ကြားလိုက်ရသည့်အသံကြောင့် ဟန်သစ်က ပြုံးလိုက်ကာ

"ဝင်ပါရှင့် ... ဝင်ပါ... ဝင်ပါ..."

တံခါးဝဆီသို့ လှမ်းကြည့်လိုက်လေ၏။
ငွေနှင်းက အခန်းဝ၌ ဖိနပ်ကို တညီတညာချွတ်၍ အခန်းအတွင်းဘက်ထောင့်ရှိ ဖိနပ်စင်၌ တင်လိုက်လေ၏။

" ပြန်ကြတော့မလား ခိုင်... နွယ်က ဒီမှာ လက်စသတ်စရာ အလုပ် နည်းနည်းကျန်နေသေးလို့..."

ငွေနှင်းက သူမ၏ အိတ်နှင့် ဆွဲခြင်းကို ဧည့်သည်ထိုင်ခုံ၌ တင်လိုက်ကာ ဟန်သစ်၏ အလုပ်စားပွဲဆီသို့ လာကာ ဟန်သစ်နှင့် မျက်နှာချင်းဆိုင် ခုံ၌ ထိုင်လိုက်သည်။

"အေးဆေးလုပ်၊ စောင့်မယ်... သွန်းကတော့ သူငယ်ချင်းတွေနဲ့ အပြင်ပါသွားပြီ..."

"ဟုတ်လား... ဒါဆို နှစ်ယောက်ထဲ ပြန်ရမှာပေါ့... အရီက ဒီနေ့ သူ့အမေကားပါတော့ အတူပြန်မှာတဲ့..."

"အင်း... နွယ် အလုပ်အေးဆေးလုပ်။ ခိုင်က အချိန်ရတယ်..."

ဟန်သစ်က ခေါင်းညိတ်လိုက်ကာ

"ခဏစောင့်နော်..."

ငွေနှင်းက ဟန်သစ်၏ ရုံးခန်းကို ဟိုကြည့်သည်ကြည့် မျက်လုံးကစားနေလေ၏။
ထို့နောက် ဟန်သစ်၏ နံဘေးရှိ ထမင်းဘူးကို ယူလိုက်ကာ အဖုံးဖွင့်လိုက်လေ၏။

"လိမ္မာသားပဲ၊ အကုန်စားထားတယ်။"

ဟန်သစ်က ငွေနှင်းကို မကြည့်ဘဲ သူမ ဖတ်လက်စ စာတမ်းစာအုပ်ကို ကြည့်လျက်ဖြင့်သာ

"စေတနာနဲ့ ကျွေးရင် သေဆေးတောင် အဆိပ်ဖြစ်တယ်တဲ့..."

"သေဆေးပါဆိုမှ အဆိပ်ပဲလေ..."

By Loving (own creation)Where stories live. Discover now