ဟန်သစ်က ပြုံးလိုက်ရင်း

"ဌာနမှူးတစ်ယောက်အနေနဲ့ ဒီအတိုင်းပဲ ပြောပေးတာပါ ဆွေရယ်..."

ဆွေက ဟန်သစ်အား စိုက်ကြည့်လိုက်ရင်း

"ပြန်အဆင်ပြေသွားကြပြီဆို..."

ဆွေ့၏ မေးခွန်းကို ဟန်သစ်က ပြန်မဖြေဘဲ ပြုံးကာ ခေါင်းညိတ်လိုက်လေ၏။
.................................

စာကြည့်တိုက်အပြင်ဘက်ရှိ ခုံတန်းတွင် သွန်းတို့ သုံးယောက်သား ထိုင်ရင်း စာကြည့်တိုက် WiFi ကပ်သုံးနေလေ၏။

ရတီက လက်ထဲရှိ milk tea ဘူးကို တစ်ငုံသောက်လိုက်ရင်း

" ငါတို့ ဌာနမှူးအသစ်က တကယ်မိုက်တယ်နော်..."

ရတီ့စကားကြောင့် သွန်းတို့က ရတီ့အားလှည့်ကြည့်လိုက်လေ၏။
လမင်းက ခေါင်းညိတ်ရင်း

"ဟုတ်ပ... ဒေါက်ဆွေက အရင်ဆို အတန်းထဲကို ဆယ့်ငါးမိနစ်ထက် နောက်ကျပြီးမှ ဝင်ရင် အမြဲဆူနေကြလေ... ဒီနေ့ ငါတို့ ၂၅မိနစ်မှ ဝင်တာကို ဘာတစ်ခွန်းမှ မပြောဘူးနော်..."

သွန်းကတော့ ပြုံးလျက် နားထောင်နေလေ၏။

"ဟိဟိ... ရုပ်ကလေးကလည်း ချစ်စရာလေး၊ အဲ့ဒါကြောင့်လည်း မနာလိုတဲ့သူ ပေါတာပေါ့..."

"အေးနော်..."

ရုတ်တရက် ထပြောလိုက်သော သွန်းကြောင့် ရတီတို့က လှည့်ကြည့်လိုက်ကြလေ၏။

"ဘာ 'အေးနော်' လဲ..."

သွန်းကပြုံးလိုက်ကာ

"တီချယ်က တကယ်မိုက်တယ်လို့... လူပုံစံရော၊ တပည့်တွေကို ကိုင်တွယ်ပုံရော..."

လမင်း ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ

"ငါ ဆုံးဖြတ်လိုက်ပြီ..."

သွန်းနှင့် ရတီက တပြိုင်နက်

"ဘာကိုလဲ..."

"ဒီနေ့က စပြီး တီချယ့်fan လုပ်တော့မယ်... fandom နာမည် ဘာပေးကြမလဲ... ဒေါက်တာဟန်သစ်နွယ်ရဲ့ fandom name..."

သွန်းက မျက်မှောင်ကျုံ့၍

"ကြောင်တောင်တောင်နဲ့..."

By Loving (own creation)Where stories live. Discover now