Part 2 ( Unicode)

Start from the beginning
                                        

ဟန်သစ်က သွန်းကို မြင်ဟန်မတူချေ။ သွန်းသည် နံဘေးနားရှိ သက်လတ်ပိုင်း အမျိုးသား၏ လက်ကိုချိတ်ထားရာမှ ဖြုတ်လိုက်လေသည်။

တဖြည်းဖြည်း ဟန်သစ်နှင့်နီးကပ်လာလေရာ သွန်းသည် မိမိအား ဟန်သစ် မမြင်စေရန် ခေါင်းငုံ့လိုက်လေသည်။

" ဟင်... မင်း... ဟန်သစ်နွယ်... နွယ် မဟုတ်လား... "

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့်
သွန်းနံဘေးနားက ပုဂ္ဂိုလ်အား သွန်းရော၊ ဟန်သစ်ပါ ကြည့်လိုက်မိလေသည်။

ဟန်သစ်က ထိုအမျိုးသားအား စိုက်ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်ရင်း

" ဪ... ရှင်ကိုး... "

ဟန်သစ်၏ စကားအဆုံး သွန်းက ဟန်သစ်အား
ခေါင်းငုံ့လိုက်ကာ

" မင်္ဂလာပါ တီချယ်... "

ထိုအခါမှ ဟန်သစ်က သွန်းအား လှည့်ကြည့်ကာ

" အင်း... မင်္ဂလာပါ သမီး... "

" မတွေ့ရတာတောင် ကြာပြီနော် နွယ်... အဆင်ပြေတယ်မလား... "

" အို... မပြေလည်း ပြေအောင် နေရတာပေါ့ရှင်... ကျွန်မ ဒုက္ခရောက်ရင် ပျော်မယ့်လူတွေက များသားလား... "

ထိုလူက ဟန်သစ်၏ စကားကြောင့်
ရယ်လိုက်လေသည်။

" နွယ်က တကယ် ပြောင်းလဲမသွားဘူးပဲ... ဘာပဲဖြစ်ဖြစ် အခုလို ပြန်တွေ့ရတာ တကယ် ဝမ်းသာပါတယ် ... "

" ကျွန်မကတော့ ဝမ်းမသာဘူး ကိုဝေယံဖြိုး... "

ဟန်သစ်က ပြောနေရင်း အားနာဟန်ဖြင့် သွန်းအား လှည့်ကြည့်ကာ

" ဒါဆို သွားလိုက်ပါဦးမယ်... သွန်းသက်ခြယ် မနက်ဖြန်မှ တွေ့ကြမယ် သမီး... "

သွန်းက ခေါင်းငြိမ့်လိုက်လေသည်။

" နေပါဦး နွယ်ရဲ့ ... သမီးနဲ့ သိနေပုံထောက်ရင် ငွေနှင်းနဲ့လည်း အဆက်အသွယ်ပြန်ရနေမှာပဲ... ဆိုတော့ နွယ် သိပြီးလောက်မှာပါ... ကိုယ်တို့ တစ်ခုခု စားရင်း စကားပြောရအောင် ... "

By Loving (own creation)Where stories live. Discover now