" မေမေ မီးအပြင် ခဏသွားဦးမယ်နော်... Myanmar Plaza တင်ပါ..."
သွန်းက ငွေနှင်းအနားကပ်ထိုင်ရင်း ပြောလေရာ ငွေနှင်းက သွန်းအား လှည့်ကြည့်ရင်း
"အင်း သွားလေ... လမ်းကူးရင် ဂရုစိုက်နော်... လူကူးမျဉ်းကြားကနေပဲကူး... ကြားလား..."
" ဟုတ်ကဲ့ပါ မေမေရဲ့... ဪ ... ခုန မမချယ်ရီ ဖုန်းဆက်တယ်... တီချယ်သစ်သစ်က မနက်ဖြန် မေမေ ကျောင်းပြန်တက်မှာလားတဲ့... သူ မနက်ခင်းကို ဝင်ကြိုမယ်တဲ့... အားနာစရာမလိုဘူး မမချယ်ရီကိုလည်း ဝင်ခေါ်မှာမို့ လမ်းကြုံလို့ပါတဲ့... "
" သမီးပဲလိုက်သွားပါ... မေမေက ferry ပဲ စီးပါမယ်..."
" မေမေကလည်း မီးက တီချယ်နဲ့ သိပ်မရင်းနီးဘူးလေ... ပြီးတော့ တီချယ်က ဌာနမှူးဆိုတော့ ကြောက်တယ်... "
" ဟန်သစ်နွယ်က သဘောကောင်းပါတယ်... ဒါပေမယ့် စည်းကမ်းတော့ တော်တော်တင်းကြပ်လိမ့်မယ်... "
" တီချယ့်ပုံစံက ပျော်ပျော်နေတတ်ပုံပါပဲ... ဘာပဲဖြစ်ဖြစ် မေမေ သမီးတို့နဲ့အတူ ကျောင်းသွားရမယ်နော်... "
ငွေနှင်းက ပြုံးလျက် သွန်း၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ကာ
" ဟုတ်ပါပြီ... အတူသွားပါမယ်... ဪ... သမီးတီချယ်ကို ပြောလိုက် ... မနက်စာကို အိမ်မှာ လာစားပါလို့ မဟုတ်ရင် မေမေက မလိုက်ဘူးလို့... "
" ဟုတ်ကဲ့ ... မမချယ်ရီကို ပြောလိုက်မယ် မေမေ ... အခုတော့ မီး အပြင် သွားလိုက်ဦးမယ်နော်... "
" အေး ... သွား သွား... လမ်းသေချာကူးနော်... "
" ဟုတ်ကဲ့ မေမေ..."
သွန်းက ခေါင်းငြိမ့်လျက် ထွက်သွားလေ၏။
....................................
Myanmar Plaza အတွင်း သွန်းတစ်ယောက် သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ လက်ကိုချိတ်ကာ ဟိုကြည့်သည်ကြည့်ဖြင့် ပျော်မြူးနေလေ၏။
အရှေ့မျက်နှာချင်းဆိုင်မှ လာနေသော တစ်စုံတစ်ယောက်ကြောင့် သွန်း အံ့ဩသွားလေသည်။
ဟန်သစ်သည် မတိုမရှည်ဆံပင်ကို ဖားလျားချလျက် ပန်းဆီရောင် လက်ရှည်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီ၊ အနက်ရောင် pencil heels တို့ကို တွဲဖက်ဝတ်ဆင်ထားလေသည်။
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 2 ( Unicode)
Start from the beginning
