သို့ပေမယ့် တစ်ခါမှ မမြင်ဖူးသူလို ကြည့်နေသော ထိုမျက်လုံးများကိုတော့ ငွေနှင်း အလိုမကျပေ။ ငွေနှင်းကို မမှတ်မိတာလား... ငွေနှင်းခိုင်လို မျက်နှာမျိုးကိုလေ...
မှန်ပေသည်။ ငွေနှင်းခိုင်ဆိုသည်မှာ အလယ်တန်းကျောင်းသူဘဝကတည်းက နာမည်ကြီးခဲ့သော ကျောင်းသူပင်။ တက္ကသိုလ်ဆရာမဖြစ်လာရာတွင်လည်း တပည့်များအကြား ရေပန်းစားသော ဆရာမတစ်ယောက်မဟုတ်ပါလား။
ထိုကဲ့သို့သော မျက်နှာပိုင်ရှင်မျိုးကို ဟန်သစ် မမှတ်မိသည်မှာ ငွေနှင်းအတွက်တော့ စိတ်ကသိကအောက် ဖြစ်စရာပင်။
အတန်းထဲမှ ထွက်ခါနီး ငွေနှင်းတစ်ယောက် ဟန်သစ်အား လှည့်ကြည့်လိုက်လေရာ ဟန်သစ်ကတော့ ဖောင်တိန်များကိုသာ သိမ်းနေလေ၏။
" ဒီဆရာမက ရုပ်ချောသလောက် အပေါက်ဆိုးလိုက်တာ ..."
အနောက်တန်းမှ ကောင်လေးနှစ်ယောက်၏ စကားကြောင့် ဟန်သစ် ပြုံးလိုက်လေသည်။
" မနေ့က ဆရာမ ပြောသလို လှသားပဲ... ဒါပေမယ့် အရပ်ပုတယ်..."
ဟန်သစ်စကားကြောင့် ဘေးနားမှ ခင်ချိုက ရယ်လေသည်။
" သစ်သစ်ရယ် ရှင်ကိုက အရပ်မြင့်နေတာလေ ... အဲ့ဆရာမလည်း ငါးပေနှစ်လက်မလောက်တော့ ရှိပါတယ်... "
ခင်ချို့စကားအဆုံး ဟန်သစ် ပြုံးလိုက်လေသည်။
"ဒါပေမယ့် သူများတွေ ပြောသလိုတော့ အပေါက်မဆိုးပါဘူး... သူပြောသင့်တာ သူပြောသွားတာပဲ... အတန်းမလာတဲ့လူအတွက် Roll Call ခိုးမထိုးခိုင်းဘူးဆိုတာ သူ့အနေနဲ့ မှန်တာပဲလေ..."
"အေးပေါ့... ဆရာမအနေနဲ့မှန်ပေမယ့် ကျောင်းသားတွေအတွက်ကျ စည်းကမ်းကြပ်တယ်၊ အပေါက်ဆိုးတယ် ဖြစ်တာပေါ့..."
" အို... သစ်သစ် အနေနဲ့တော့ သူမှန်တယ် ထင်တာပဲ..."
..................... ။...................
ငွေနှင်းတစ်ယောက် ဧည့်ခန်းရှင်းနေလေ၏။ သွန်းသည် အခန်းတွင်းမှ ထွက်လာကာ
DU LIEST GERADE
By Loving (own creation)
Romantik(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 2 ( Unicode)
Beginne am Anfang
