"သွားကြရအောင် ခင်ချို..."
" နေပါဦးအေ... ဒီနေ့မှ ဘယ်လိုဖြစ်ပြီး စောသွားချင်နေရတာတုန်း..."
ခင်ချိုက လက်ပတ်နာရီဝတ်ရင်း
ပြောလိုက်လေသည်။
" မနေ့က အတန်းထဲမှာ အင်္ဂလိပ်စာ Grammar ဆရာမ ဒေါ်ယဉ်မင်းဆွေ ပြောသွားတာ မကြားဘူးလား... ဒီနေ့ အတန်းဝင်မယ့် အင်္ဂလိပ်စာ 4 skills ဆရာမက လှတယ်တဲ့လေ ... ဘယ်လောက်တောင် လှလို့လဲ သိချင်လို့... ဘာတဲ့ နာမည်က ငွေဘာဖြစ်တယ်ဆိုလား... "
ခင်ချိုက ရယ်လိုက်ကာ
" ဟိုနေ့က ထမင်းစားပွဲမှာ အတူထိုင်တဲ့ဆရာမ နောက်တစ်ယောက် ဖြစ်မယ် ထင်တယ်..."
" ဟင်..."
" ဟိုနေ့က အဲ့သည့် ဒေါ်ယဉ်မင်းဆွေနဲ့အတူ ဆရာမနှစ်ယောက် အတူထိုင်နေတာလေ... တစ်ယောက်က တို့တွေကို မြန်မာစာစာအုပ်ထုတ်ပေးတော့ နောက်တစ်ယောက် ဖြစ်မယ် ထင်တယ်... "
" ဪ... အဲ့နေ့က နာမည် ခေါ်လိုက်တာတော့ ကြားတယ်... ဒါနဲ့ သူက လှလို့လား ... "
"ဟင်... သစ်သစ် မမြင်ခဲ့ဘူးလား... "
ခင်ချို့ စကားကြောင့် ဟန်သစ်က
ပြုံးလိုက်လေသည်။
" တကယ်တော့ သစ်သစ်က မရင်းနီးတဲ့လူတွေရဲ့ မျက်နှာကို မမှတ်မိဘူး... အဲ့သည့် ဒေါ်ယဉ်မင်းဆွေကိုလည်း ခင်ချိုပြောမှ အဲ့နေ့က ထိုင်နေတဲ့ ဆရာမမှန်း သိတာ... ဝန်ခံရရင် ခင်ချို့မျက်နှာကိုတောင် မနေ့ တနေ့ကမှ အလွတ်မှတ်မိတာ... တစ်ခါတွေ့ဖူးတဲ့လူကို ဒုတိယအကြိမ် ပြန်တွေ့ရင်တောင် မှတ်မိချင်မှ မှတ်မိတာ..."
" ဒါဆို သစ်သစ် မှတ်မိအောင် သစ်သစ်အနား အမြဲကပ်နေမှပဲ... မဟုတ်ရင် လူပျောက်သွားတောင် ပြန်မရှာတတ်ဖြစ်နေမှာ... "
ခင်ချို့စကားကြောင့် နှစ်ယောက်သား ရယ်လိုက်လေသည်။
....................................
အတန်း၏ ရှေ့ဆုံးတွင် ထိုင်ကာ တစ်လုံးမကျန် စာလိုက်မှတ်နေသော ဟန်သစ်အား ကြည့်ရင်း ငွေနှင်း ပြုံးလိုက်လေသည်။ မဝေ၏ မှတ်ချက်အတိုင်း စာကြိုးစားသော ကလေးပင်။
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 2 ( Unicode)
Start from the beginning
