Part 2 ( Unicode)

Start from the beginning
                                        

ငွေနှင်း ခန့်မှန်းထားသည့်အတိုင်း မြန်မာစာဌာန၏ တံခါးမှ ဟန်သစ်တို့နှစ်ယောက်သား ဝင်လာလေသည်။

ဟန်သစ်က ငွေနှင်းတို့ ထမင်းစားပွဲကို တွေ့ကာ အံ့ဩသွားလေသည်။

"အို..."

ဝေက နေရာမှ ထလိုက်ကာ

" စာအုပ်လာထုတ်တာလား... "

"ဟုတ်ပါတယ်..."

ဟန်သစ်က ခေါင်းငြိမ့်လိုက်လေ၏။

ဟန်သစ်တို့နှစ်ယောက်သားက ဝေ့နောက်လိုက်ကာ ဝေ့စားပွဲ၌ စာအုပ်များ ထုတ်နေလေ၏။

ဟန်သစ်တစ်ယောက် ငွေနှင်းကို လှမ်းကြည့်လိုက်လေရာ ငွေနှင်းက တစ်ခစ်ခစ် ခိုးရယ်နေသဖြင့် မျက်မှောင်ကျုံ့သွားလေသည်။

စာအုပ်ယူကာ ဟန်သစ်တို့နှစ်ယောက်သား ပြန်ထွက်သွားလေသည်။

ဝေက ထမင်းစားပွဲသို့ ပြန်လာထိုင်လိုက်ကာ

" နာမည်လေးက ချစ်စရာလေး ဟန်သစ်နွယ် တဲ့..."

ဝေ့စကားကြောင့် ငွေနှင်းက ရယ်လိုက်ကာ

" မဝေကလေ သိပ်စပ်စုတာပဲ... "

" ဪ... ကိုယ့်တပည့်ဖြစ်လာမယ့် ကလေးတွေပဲလေ... စပ်စုရတာပေါ့... လူကတော့ စာတော်မယ့် ပုံစံလေးပဲ... "

" မျက်လုံးတွေကလည်း ပြတ်သားတဲ့ပုံမျိုးနော်... ငွေနှင်း သူ့ကို ရယ်လို့ ကြည့်သွားတဲ့ပုံက သူ့ကိုလာထိရင် ငြိမ်မခံတတ်တဲ့ ပုံပဲ ... "

ဆွေ့စကားအဆုံး ငွေနှင်းက မျက်စောင်းထိုးလိုက်ကာ

" မဆွေ ပြောပုံက မသိရင် ငွေနှင်းကပဲ သူ့ကို ရန်သွားစလို့ သူက ငြိမ်ခံမှာ မဟုတ်ဘူးနော်လို့ ခြိမ်းခြောက် နေသလိုပဲ..."

" ဪ... ကဲ... စကားအကျအန သိပ်ကောက်တာပဲ... ထားပါတော့ ... ဆက်စမ်းပါဦး ... မဝေ လူကြီးအကြောင်း ..."

....................................

ဟန်သစ်က ခေါက်ထီးကို ဖြည်လျက်

By Loving (own creation)Where stories live. Discover now