Part 2 ( Unicode)

Start from the beginning
                                        

ဟန်သစ်က ထိုနေကြာစေ့စားနေသော ဆရာမများအနီးသို့သွားကာ...

" အင်္ဂလိပ်စာစာအုပ် လာဝယ်တာရှင့်... "

ထိုအထဲမှ ဆရာမတစ်ဦးက နေကြာစေ့ကို ကိုက်လိုက်ရင်း

"ပထမနှစ်လား... "

ဟန်သစ်က ခေါင်းငြိမ့်လိုက်လေရာ

" ဟိုဘက်က ဆရာမဆီမှာ သွားထုတ်လိုက်နော်... "

" ဟုတ်ကဲ့... ကျေးဇူးပါတီချယ်..."

ဟန်သစ်တို့က ကျောခိုင်းထွက်လာကာ စာအုပ် ထုတ်နေလေ၏။

" မဝေရဲ့ လူကြီးက တကယ့် လူအေးကြီးပါ ... ဟိုနေ့က ငွေနှင်းနဲ့ ကျောင်းကားဂိတ်မှာ ဆုံတယ်ရယ်... လက်ထဲမှာလည်း နှင်းဆီပန်းတစ်ပွင့်နဲ့ ... မဝေကို လာကြိုတာလား၊ မဝေ ပြန်သွားပြီ ပြောတာကို မဟုတ်ပါဘူး လမ်းကြုံလို့တဲ့ ... သူ့အိမ်က ပုစွန်တောင်မှာ၊ ရုံးက တာမွေမှာကို ဒီတောင်ဒဂုံအထိ ဘယ်လိုများ လမ်းကြုံသလဲ... "

ရယ်ရယ်မောမော ပြောနေသော ထိုဆရာမ၏ လေယူလေတိမ်းကြောင့် စာအုပ်ထုတ်နေရာမှ ဟန်သစ် တစ်ယောက် လှည့်ကြည့်လိုက်မိလေသည်။

ထို့နောက် ဟန်သစ်တို့ နှစ်ယောက်သား အခန်းတွင်းမှ ပြန်ထွက်လာလေ၏။

ဟန်သစ်တို့ ထွက်သွားသည်နှင့် တပြိုင်နက် ငွေနှင်းက ဝေနှင့်ဆွေ့အနားကပ်ကာ

"အစ်မတို့ ကြည့်နေ... အဲ့ကောင်မလေးနှစ်ယောက် ဟိုဘက်ကနေ ပြန်ဝင်လာလိမ့်မယ်... "

" အေး... ငါ သတိမထားလိုက်မိတာ ... ပြောလိုက်ရမှာကို... "

ဆွေ့စကားကြောင့် ငွေနှင်းက ပြုံးကာ ထမင်းစားစားပွဲ၏ တစ်ဖက်ရှိ တံခါးမကြီးသို့ လှမ်းကြည့်လိုက်လေ၏။

ဧကန်တွင် မြန်မာစာဌာနနှင့် အင်္ဂလိပ်စာဌာနမှာ အခန်းတစ်ခန်းတည်းသာ ဖြစ်လေသည်။

အလယ်တွင် စာအုပ်ဗီရိုများကို စီတန်းလျက်သာ ခြားထားသော်လည်း ထမင်းစားစားပွဲမှဆိုလျှင် နှစ်ဖက်စလုံးကို မြင်ရသကဲ့သို့ လွယ်ကူစွာ သွားနိုင်လေသည်။

By Loving (own creation)Where stories live. Discover now