Part 2 ( Unicode)

Start from the beginning
                                        

" Sorry ပါ... အလုပ်ကိစ္စဆိုတော့လေ မပြောမဖြစ်လို့..."

" ရပါတယ်... မအားတဲ့ကြားက အခုလို တကူးတက လာတာကိုပဲ ကျေးဇူးတင်ရမှာပါ... "

" မဟုတ်တာ... တကူးတကမဖြစ်ပါဘူး... အရီ့ကို အမြဲ အကြို၊အပို့ လုပ်နေတဲ့ဟာ... ပြီးတော့ ဝေတို့၊ ဆွေတို့နဲ့ လမ်းကြုံနေတာပဲလေ..."

ဟန်သစ်၏ စကားကြောင့် ငွေနှင်းပြုံးမိပါသည်။

" နွယ်က အရင်လိုပဲနော် ... ပြောင်းလဲမသွားဘူး... "

ဟန်သစ်က ခေါင်းကိုငြိမ့်လိုက်ရင်း

" အင်း... ဒါပေမယ့် အသက်ကြီးလာတယ်လေ... "

" နင်တစ်ယောက်တည်း ကြီးလာတာလား... ငါတို့လည်း ကြီးလာတာပဲ..."

မျက်မှောင်ကျုံ့ကာ ပြောလိုက်သော ဝေ့စကားကြောင့် အားလုံးရယ်လိုက်ကြလေသည်။
........................................

ဝရံတာသို့ ထွက်ထိုင်ရင်း ဟန်သစ်တစ်ယောက် နေ့လယ်က အကြောင်းများကို ပြန်လည်တွေးတောနေမိလေသည်။

" ခိုင်ကလည်း ပြောင်းလဲမသွားဘူးပဲ..."

Flash Back:

လွန်ခဲ့သော (၁၆) နှစ်ခန့်

" သစ်သစ်ရေ... အတန်းမသွားခင် မြန်မာစာဌာနနဲ့ အင်္ဂလိပ်စာဌာနမှာ စာအုပ်သွားထုတ်ရဦးမယ်... "

အခန်းဖော်ခင်ချိုလတ်၏ စကားကြောင့် ဟန်သစ် ခေါင်းငြိမ့်လိုက်လေ၏။

" အင်း... သွားကြမယ်လေ... ခဏ ... သစ်သစ် ထီးပျောက်လို့ ရှာနေတာ... "

" ဟင် ... ခုန သစ်သစ်ပဲ လွယ်အိတ်ထဲ ထည့်လိုက်တာလေ ... "

ခင်ချို့စကားကြောင့် ဟန်သစ် လွယ်အိတ်အတွင်းသို့ လက်နှိုက်လိုက်လေ၏။

" ဟီး... ဟုတ်သားပဲ... သွားကြမယ်..."

သူငယ်ချင်း နှစ်ယောက်သား စကားတပြောပြောဖြင့် အင်္ဂလိပ်စာဌာနအရှေ့သို့ ရောက်လာလေ၏။

အင်္ဂလိပ်စာဌာနအတွင်း ထမင်းစားစားပွဲ ဖြစ်ဟန်တူသော စားပွဲ၌ ဆရာမ သုံးယောက်က စုဖွဲ့ကာ နေကြာစေ့စားရင်း ထိုင်နေလေ၏။ ထို့ပြင် အခြား စားပွဲတစ်ခု၌ အမှတ်ခြစ်နေသော ဆရာမတစ်ယောက် ရှိလေ၏။

By Loving (own creation)Where stories live. Discover now