Part 2 ( Unicode)

En başından başla
                                        

" အချစ်ဆုံး ဆရာတပည့်တွေပေါ့... "

...........................................

🎶 bell ringing 🎶

အိမ်ရှေ့ရှိ လူခေါ် bellသံကြောင့် သွန်းတစ်ယောက် အိမ်တံခါးကို အပြေးဖွင့်လိုက်လေ၏။

" Good Morning တီချယ်... မေမေက တီချယ် လာမှာဆိုပြီး အစောကြီး စျေးသွားထားတာ..."

ဟန်သစ်က ပြုံးလိုက်ကာ

" Good Morning သမီး... သမီးမေမေက အနောက်မှာလား... "

" ဟုတ်တယ် တီချယ်... လာလေ... "

ဟန်သစ်က သွန်း၏ အနောက်မှ လိုက်ဝင်လာလေ၏။

ငွေနှင်းက ခွက်ထဲသို့ ကော်ဖီလောင်းထည့်ရင်း
ဟန်သစ်အား လှမ်းကြည့်ကာ

" ထိုင်လေ နွယ်... "

ဟန်သစ်က ခေါင်းငြိမ့်ကာ ထိုင်ခုံကို ဆွဲယူ၍ ထိုင်လိုက်လေ၏။

ငွေနှင်းက ဟန်သစ်ကို ကော်ဖီခွက် လှမ်းပေးလိုက်ကာ

" ခေါင်းလျှော်လာတာလား... ခေါင်းကို ခြောက်အောင်လည်း သေချာမသုတ်ခဲ့ဘူး ကြည့်စမ်း... "

" ဟုတ်တယ်... နောက်ကျမှာစိုးလို့ အမြန်ထွက်လာတာနဲ့... "

ဟန်သစ်က ပြုံးရင်း ပြောလာသော စကားကြောင့် ငွေနှင်းက မျက်စောင်းထိုးလိုက်ကာ

" သမီးရေ... သဘက်ကလေး တစ်ထည်လောက် သွားထုတ်လာပေး... "

" ဟုတ်ကဲ့ မေမေ... "

သွန်းက အိမ်ရှေ့သို့ ပြန်ထွက်သွားလေလျှင်

" ခိုင်... အဲလေ... တီချယ် ... အတန်းဘယ်အချိန်တွေရှိတာလဲ... "

" ရပါတယ်... အရင်လိုပဲ ခေါ်နိုင်ပါတယ်... "

" မဟုတ်ဘူးလေ တီချယ်ရဲ့... နွယ်က ဌာနမှူးဖြစ်သွားတာနဲ့ ကိုယ့်ဆရာမတွေကိုတောင် တအား တရင်းတနီး ဆက်ဆံတယ်လို့ အတင်းပြော မခံချင်လို့... "

ဟန်သစ် စကားကြောင့် ငွေနှင်း ရယ်လိုက်လေသည်။

" အတင်းပြောမယ့်လူက ပင်စင်ယူသွားပြီလေ... "

By Loving (own creation)Hikayelerin yaşadığı yer. Şimdi keşfedin