" အင်း... တစ်ယောက်တည်း... ပုလဲကွန်ဒိုမှာ တိုက်ခန်းဝယ်ထားတယ် ... "
" အင်း ... နီးတာပဲ... ဘာပဲဖြစ်ဖြစ် နွယ်နဲ့ အခုလို စကားပြောလိုက်ရတာ တကယ် စိတ်ထဲ ပေါ့သွားတယ်... "
ဟန်သစ်က ပြုံးလိုက်လေသည်။
" နွယ်ကတော့ စိတ်ထဲလေးသွားတယ်... ခိုင့်အပေါ် နွယ် အမှားလုပ်မိသွားပြီ ... "
" နှစ်ယောက်သား အချိန်ယူပြီး ညှိနှိုင်းကြည့်ပါ... အစ်ကို မျှော်လင့်နေမယ်... "
" မဖြစ်နိုင်တော့ပါဘူး... သွန်းသက်ခြယ်ပဲ ဒီအရွယ်ရောက်နေပြီ... "
" သမီးလေး အရွယ်ရောက်လာလို့ကို ပိုပြီး ဖြစ်နိုင်တာပေါ့... ဇနီးဟောင်းကို တခြားအမျိုးသမီး တစ်ယောက်နဲ့ အောင်သွယ်ပေးတာ တစ်မျိုးကြီး ဖြစ်နေပေမယ့် နွယ်တို့နှစ်ယောက်ကို အဆင်ပြေစေချင်တာ အစ်ကို့ စိတ်ရင်းမှန်ပါ... "
.....................................
သွန်းက ဖခင်ဖြစ်သူအား မကြည်သလို ကြည့်လိုက်ကာ
" ဖေဖေတို့ အကြာကြီး ဘာတွေ ပြောနေတာလဲ... ပြီးတော့ အချင်းချင်း ဘယ်လိုသိကြတာလဲ "
" ဟင်း... "
ဝေယံဖြိုးက သက်ပြင်းချလိုက်လေ၏။
" သမီး သိတဲ့အတိုင်း၊ ဖေဖေက သမီးမေမေနဲ့ ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခဲ့တယ်လေ... နွယ်က သမီးမေမေရဲ့ တပည့်၊ အခု ဖေဖေ့အမျိုးသမီးနဲ့ ဖေဖေနဲ့ အပြင်အတူသွားရင်း နွယ်နဲ့ဆုံပြီး နွယ်က ဖေဖေ့ကို ဖောက်ပြန်နေတယ်လို့ အထင်လွဲခဲ့တာ... ဖေဖေနဲ့ သမီးမေမေက တကယ်တော့ လူကြီးတွေ မသိအောင် ကွာရှင်းထားပြီးသား။ နွယ်က နိုင်ငံခြားကို ထွက်ခါနီး စိတ်မကောင်းဖြစ်မှာစိုးလို့ သမီးမေမေက မပြောဘဲ နေနေခဲ့တော့ အခုထိ ဖေဖေ့ကို စိတ်ဆိုးနေခဲ့တာ... အခုတော့ သူနားလည်သွားပါပြီ... "
သွန်းက ဝေယံဖြိုးကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။
" တီချယ်က မေမေနဲ့ တအားရင်းနီးတာလား... "
သွန်း၏ စကားကြောင့် ဝေယံဖြိုးက ပြုံးလိုက်ကာ
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 2 ( Unicode)
Start from the beginning
