Part 2 ( Unicode)

Start from the beginning
                                        

ဟန်သစ် မျက်ရည်များ စီးကျလာလေ၏။

" နွယ်က အဲ့ဒါတွေကို မသိဘဲ ခိုင်က မဖြစ်နိုင်ဘူး ငြင်းတာကို စိတ်ဆိုးခဲ့မိတာ... ခိုင်က နွယ့်အတွက် လိမ်ခဲ့တာတဲ့လား ... နွယ်... နွယ် ခိုင့်အပေါ် မှားသွားပြီ ... "

" ဒီအချိန်ကျမှ ဒီစကားတွေ ပြောရတာ အပိုဖြစ်နေလောက်မယ်ဆိုပေမယ့် နွယ့်အနေနဲ့ အမှန်တရားကို သိထားသင့်တယ် ထင်လို့ပါ... "

" ဘယ်တုန်းက ကွာရှင်းလိုက်ကြတာလဲ... "

"နွယ် ထွက်သွားပြီး နောက်တစ်ရက်... "

" နွယ် ခိုင့်ဆီက အတည်ပြုမှ ဖြစ်မယ်... "

ဟန်သစ်က ပြောရင်းဆိုရင်း နေရာမှ ကောက်ထလိုက်လေရာ

" စိတ်မလောပါနဲ့ နွယ်... ငွေနှင်းက အပင်ပန်းဆုံးသူပါ... အဖြစ်မှန်တွေကို မဝေနဲ့ မဆွေလည်း သိကြတယ်... နွယ့်ကို မပြောဖို့ ငွေနှင်းက အကြိမ်ကြိမ် တားခဲ့တာ ... နွယ့်အနေနဲ့ အတည်ပြုချင်ရင် မဝေတို့ကို မေးကြည့်ပါ... ငွေနှင်းက နွယ် ထွက်သွားတဲ့နောက်လည်း အမြဲ နွယ့်ကိုပဲ တမ်းတနေခဲ့တာပါ... နွယ့်ကို သိပ်ချစ်တဲ့သူမို့ ဒီလို ဆုံးဖြတ်ခဲ့ပုံပဲ... နွယ်လည်း သိတဲ့အတိုင်း အစ်ကိုက တကူးတက နွယ်တို့ကြားထဲ ဝင်ပြီး အနှောင့်အယှက်ပြုခဲ့သူပါ... အစ်ကို့အနေနဲ့ နွယ်တို့ကို ဘာလုပ်ပါလို့ မတိုက်တွန်းချင်ပေမယ့် နွယ့်ဘက်က စိတ်မပြတ်သေးဘူးဆိုရင် ငွေနှင်းကို ဂရုစိုက်ပေးစေချင်ပါတယ်... ငွေနှင်းကိုရော အစ်ကို့သမီးလေးကိုရော အပ်ပါတယ်... "

ဟန်သစ် ခေါင်းကိုငိုက်စိုက်ချကာ ထိုင်ချလိုက်လေသည်။

" နွယ် အစောကြီး ပြန်လာခဲ့ရမှာ... တစ်ယောက်တည်း အဆင်ပြေသလို နေနေခဲ့မိတယ်... "

" နွယ့်ကိုလည်း အစ်ကို နားလည်ပါတယ်... ရုတ်တရက် အိမ်ထောင်ပြုသွားတဲ့ ချစ်သူကို စိတ်မပျက်ဘဲ အရိပ်တကြည့်ကြည့် နေပေးခဲ့တာပဲလေ... ပြောရရင် နွယ်ရော၊ ငွေနှင်းရောက အစ်ကို့အတွက်ရော သမီးလေးအတွက်ပါ ကျေးဇူးရှင်တွေပါ... တကယ်လည်း ကျေးဇူးတင်ပါတယ်... နွယ် အခု တစ်ယောက်တည်းပဲလား... ဘယ်မှာနေနေလဲ..."

By Loving (own creation)Where stories live. Discover now