" သမီး ခဏပတ်ကြည့်လိုက်ဦးမယ်... တီချယ်နဲ့ ဖေဖေ အေးဆေး စကားပြောကြပါ... ဖေဖေ ပြီးရင် သမီးကို ဖုန်းလှမ်းဆက်နော်"
ဝေယံဖြိုးက ခေါင်းငြိမ့်လိုက်လေသည်။
သွန်း ဆိုင်အပြင်ထွက်သွားသည်ကို ဟန်သစ်က ငေးကြည့်နေလေသည်။
" နွယ်ထင်နေတာတွေက မမှန်ဘူးဆိုတော့ လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက ကိုဝေယံဖြိုး အဲ့မိန်းမနဲ့ ဖောက်ပြန်နေခဲ့တာကို ကျွန်မကိုယ်တိုင် မြင်ခဲ့တာလေ... ဘယ်ဟာက မမှန်တာလဲ... "
" အရင်ဆုံး အစ်ကို့အနေနဲ့ ငွေနှင်းကို နွယ့်ဆီက လုယူခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်... သမီးဖြစ်သူကို ငွေနှင်းဆီမှာ ထားပြီး အပြင်မှာ အပျော်ရှာမိတာလည်း မှားခဲ့ပါတယ်... ဒါပေမယ့် အစ်ကိုက ဖောက်ပြန်ခဲ့တာ မဟုတ်ဘူး... "
" ခိုင် တစ်ယောက်လုံး ရှိလျက် တခြားမိန်းမကို ထပ်တွဲတာ ရှင်က ဖောက်ပြန်တာ မဟုတ်ဘူးတဲ့လား... "
" တကယ်တော့ နွယ်နဲ့ အဲ့နေ့က စကောဒ့်စျေးမှာ မတွေ့ခင်ကတည်းက ငွေနှင်းကို အဲ့အမျိုးသမီးအကြောင်း ပြောပြထားပြီးသားပါ... "
" ဘယ်လို ... ဒါဆို ခိုင်က သိသိကြီးနဲ့ သည်းခံနေခဲ့တာပေါ့... ကျွတ်... ခိုင်ရာ... "
" နွယ်နဲ့ တွေ့တဲ့အကြောင်းကိုလည်း ငွေနှင်းကို ပြန်ပြောပြဖြစ်ပါတယ်... ဒါပေမယ့် ငွေနှင်းက နွယ်က scholarship နဲ့ ထွက်သွားခါနီးမို့ နွယ့်ကို ဘာမှ ပေးမသိပါနဲ့တဲ့ ... နွယ်က သူ့ကို စိတ်မချဖြစ်ပြီး မသွားဘဲ နေမှာ စိုးလို့ပါတဲ့... "
ဝေယံဖြိုး၏ စကားကြောင့် ဟန်သစ် ချက်ချင်းဆိုသလို မျက်နှာညှိုးငယ်သွား၏။
" ခိုင် တစ်ယောက်တည်း ပင်ပန်းနေခဲ့မှာပဲ... ခိုင် ဒီလို တွေးမှန်း နွယ် လုံးဝမသိခဲ့ဘူး ကိုဝေယံဖြိုး... "
" ငွေနှင်းက မိသားစု ဖိအားကြောင့်သာ အစ်ကို့ကို လက်ထပ်ခဲ့တာပါ... သူ နွယ့်ကို ပြောထားသလို အစ်ကိုတို့က တစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားချင်းလည်း မရှိခဲ့ဘူး... သူက သူအိမ်ထောင်ရှိနေတာတောင် နွယ်က သူ့အပေါ် အရိပ်တကြည့်ကြည့်ရှိနေပေးလို့ အားနာတဲ့စိတ်ရယ်၊ နွယ့်ကို ချစ်တဲ့စိတ်ရယ်ကြောင့် လိမ်ခဲ့တာပါ... အစ်ကိုက အမှန်အတိုင်း ပြောပြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမယ့် ငွေနှင်းက အမြဲငြင်းခဲ့တယ်... နွယ်က သူ့ကြောင့်နဲ့ ဆက်ပြီး တွယ်ကပ်နေမှာ စိုးလို့တဲ့လေ... အဲ့ဒါကြောင့် နွယ်ထွက်သွားပြီးမှ ကွာရှင်းကြဖို့ သူ့ဘက်က တောင်းဆိုခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲ နွယ်က အစ်ကိုတို့အတွဲနဲ့ ထိပ်တိုက် တွေ့ခဲ့ကြတယ်လေ... အဲ့မှာ ကိစ္စတွေက ရှုပ်ကုန်တာပဲ ... "
ESTÁS LEYENDO
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part 2 ( Unicode)
Comenzar desde el principio
