စုမင်ခေါင်းခါပြီး .."မတွေ့ဘူး"

မန်နေဂျာ လှေကားထစ်အဆုံး ကော်ရစ်ဒါအရောက်တွင် သူတို့ကပ်သီးလေးလွတ်မြောက်သွားခဲ့သည်။

လင်းရှောင်ယန် သူမရင်ဘတ်သူမပုတ်ရင်း .."လန့်လိုက်တာဟာ ... အမြန်ပြန်ပြီး မန်နေဂျာမရောက်ခင် သော့ပြန်ထားရအောင်"

နေဝင်ရီတရောအချိန် လူသိပ်မရှိပေ ...

လင်းရှောင်ယန်နှင့် လင်းယိကျီစောင့်ကြည့်နေချိန် စုမင်လျင်မြန်စွာ နေရာ၌ သော့ပြန်ထားလိုက်သည်။ သူထွက်ခွာသွားသည့်အခါ သူမနေနိုင်ဘဲ နောက်ပြန်လှည့်ကြည့်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် မန်နေဂျာသည်လှေကားမှ ထွက်လာသည်ကို သူတွေ့လိုက်ရသည်။

'ဒီhorrorရုပ်ရှင်ထဲတွင် မင်းရဲ့ဘဝဟာစက္ကန့်တိုင်းအစွန်းအဖျားရောက်နေလို့ ကောင်းကောင်းရှင်သန်နေဖို့လိုတယ်' ဟု စုမင်စိတ်ရင်းမှန်ဖြင့် တွေးခဲ့သည်။

အပြင်ဘက်တွင် နေဝင်နေပြီဖြစ်ရာ နိုးထနေသေးသည့် တောက်ပသောလိမ္မော်ရောင်သာ ကျန်ရစ်ခဲ့သည်။

သုံးယောက်သား လူသူကင်းမဲ့သောလမ်းမ၌ အေးအေးဆေးဆေးလျှောက်ကြရင်း လင်းရှောင်ယန်မေးလာသည်။ "စုမင်
... အဲ့ကျောင်းသူဘယ်သူလဲ ရှာတွေ့ခဲ့လား?"

သူရိုက်ယူခဲ့သည့် ပုံများကို စုမင် သူတို့ကိုပြလိုက်တယ် .."ငါသေချာစစ်ဆေးကြည့်ဖို့ အချိန်မရလိုက်ဘူး ... ဒါပေမယ့် သူတို့တွေက သူမအတန်းဖော်တွေဖြစ်မယ်"

ဒီလိုဓာတ်ပုံမျိုး လင်းရှောင်ယန်တွေ့ဖူးတာ ပထမဆုံးအကြိမ်ပင် ...

ထိုအရာက သဘာဝမကျဘူးလို့ သူမ တွေးမိသည်။ ဤဓာတ်ပုံထဲက မျက်နှာမပါသူများသည် နှစ်ဘယ်လောက်ကြာနေပြီလဲ ... အလွန်ထိတ်လန့်စရာကောင်းတယ်။

"ဒီဖိုတိုတွေက ကြောက်စရာကောင်းလွန်းတယ်" လင်းရှောင်ယန်အတွေးထဲမှ ထုတ်ပြောမိသွားသည်။

"ကြောက်စရာလည်းကောင်းတယ် ... ဒါပေမယ့် သဲလွန်စလည်းဟုတ်တယ်" စုမင်ပြောတယ် .."အတန်းတစ်တန်းထဲက လူတွေအများကြီး ဘာကြောင့်သေကုန်တာလဲ?"

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now