ဘာဖြစ်ခဲ့လဲဆိုတာ သူမသိလောက်မယ်။

စုမင်တံ‌ခါးခေါက်ကာ .."အန်တီ ... အထဲမှာရှိလား?"

တံခါးပွင့်လာပြီး အန်တီကြီး‌ရောက်လာသည်။

"ဘာတုန်းကွယ့်?" သူမမေး၏။

စုမင်အတွေးတွေ စုစည်းပြီး ပြောသည်။ "အန်တီ ... ကျွန်တော်မေးစရာရှိလို့ ... ဒီမှာအန်တီအလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ?"

အန်တီကြီးတခဏတွေးဆပြီး .."ခြောက်နှစ် ထင်တယ် ... ၂၀၁၂မှာ စတာဆိုတော့ မမှားလောက်ပါဘူး"

တော်တော်ကြာပြီပဲ ... ဒါဆို သူမသိနိုင်သည်။

စုမင် အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။ "အန်တီ ... ရုံးဌာနက ခုနှစ်လွှာဘာဖြစ်ခဲ့ -"

"မင်း ဒါကိုမမေးသင့်ဘူး" သူမ ချက်ချင်းစကားဖြတ်လိုက်၏။

အန်တီကြီးအမူအရာနည်းနည်းပြောင်းသွားတော့ ခုနှစ်လွှာမှာ ဖြစ်ခဲ့သည့်ကိစ္စက အသေးအဖွဲ့မဖြစ်နိုင်ဘူးဆိုတာ စုမင်ပြောနိုင်သည်။

"ဘာလို့လဲ? အန်တီမပြောနိုင်ဘူးလား?"

"မင်းက ကျောင်းသားပဲရှိသေးတယ် ... စာကြိုးစား ... ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေ မမေးနဲ့ ... ဒါပဲဆိုရင် ကျုပ်တံခါးပိတ်ပြီ"

သူ့မျက်နှာရှေ့ တံခါးကို သူမဆောင့်ပိတ်လိုက်သည်။

သူ့နှာခေါင်းကို ပွတ်လျက် ... စုမင် အခန်းဆီလျှောက်သွားသည်။ အထဲရောက်သည်နဲ့ ထိုင်ခုံဆွဲကာ အချက်အလတ်တွေကို ရှာဖွေသည်။ ဒီ horrorဇာတ်ကားက ၂၀၁၈မှာစခဲ့သောကြောင့် အင်တာနက်က သူလိုသမျှရှာဖို့ လုံလောက်စွာဖွံ့ဖြိုးလောက်မည်။

ဒါ့ပြင် ဆရာဒါမှမဟုတ် ကျောင်းသားကျောင်းသူသေဆုံးခြင်းနဲ့ ဆက်နွယ်သည့်ကိစ္စက သေးငယ်တဲ့သတင်းတော့မဖြစ်လောက်ဘူး။
စုမင် စာလုံးအချို့ရိုက်နှိပ်ပြီး enterနှိပ်ချိန် မရေတွက်နိုင်သော webpageများ ပေါ်လာတယ်။

ကျောင်းပြင်ပ၌ မတော်တဆဖြစ်ပွားမှုများက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စရပ်ပင်။

ပေ့ခ်ျအချို့ကို ရှာဖွေပြီးသည့်တိုင် အသုံးဝင်သည့် အကြောင်းအရာကိုရှာမတွေ့ဘဲ ကျောင်းဖိုရမ်မှာပဲ လည်နေတယ်။ ပို့စ်အဟောင်းတွေကို တူးဆွပြီး သူသိသည့် ခေါင်းစဉ်များကို ရှာဖွေသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now