Part 1 ♥Uni+Zaw

Start from the beginning
                                    

အဲ့တာကတော့ ဆယ်တန်းအောင်ပြီးတဲ့လူတွေထဲက ကျောင်းနဲ့နီးတဲလူ တော်တဲ့လူတွေကို နှစ်တိုင်း ဂိုက်ပြန်ခန့်တယ်။ ကျွန်တော်လည်း အပါအဝင်ပေါ့။ ဆယ်တန်းလည်း အောင်စာရင်းထွက်ရော နောက်ရက် ဂိုက်ဖြစ်သွားတယ် 😎😎😎ဘယ်လောက်မိုက်လိုက်လည်း ။

အခုက  ကျောင်းအကြောင်းနဲ့ စည်ယကမ်းတွေကြောင်း ပြောပြမှာပေါ့နော်။
ကျွန်တော်တို့ကျောင်း တည်ထောင်တဲ့ ဆရာမနဲ့ ဆရာက တူရီးတွေ။
ဆရာမ ဒေါ်ခင်အုန်းမြင့်က အရင်စခဲ့တာပေါ့။ နောက်တော့ ဆရာ ဦးမြင့်မြတ်ကို အရွယ်ရောက်လာတော့ ကျောင်းကို တူရီးနှစ်ယောက်က စပ်ထောင်လိုက်တယ်။ အိမ်ကလည်းကျယ်တော့
အိမ်ကို နှစ်လုံးဆောက်လိုက်တာပေါ့။ ခြံတစ်ခုထဲနဲ့ အိမ်နှစ်လုံးပေါ့။
တစ်ခုက ယောကျ်ားလေးဆောင် နောက်တစ်ခုက မိန်းကလေးဆောင်ပေါ့။

ဆရာတို့မိသားစုက မိန်းကလေးဆောင်ဘက်မှာ နေတာ။ နောက်ကျတော့ ဲမိန်းကလေးဆောင်ရဲ့ အရှေ့ခြမ်းကို ဖျက်လိုက်ပြီး ၆ထပ်တိုက်ဆောက်လိုက်တယ် ။ အောက်ထပ်က ဧည့်ခန်း
ဒုတိယထပ်က ဆရာတို့မိသားစုနေတာ တတိယအထပ်က မူကြိုနဲ့
တစ်တန်းတွေ စတုတ္ထထပ်က. သုံးတန်း လေးတန်း ငါးတန်း ခြောက်တန်းတွေ နြ့ တခြားတန်းတွေ ။ ကျောင်းက တရားဝင်ကိုယ်ပိုင်ကျောင်းမဟုတ်တော့ ကျန်တဲ့အတန်းတွေက ကျူရှင်သဘောမျိုးနဲ့ ပြတာပေါ့နော်။ အဓိက သင်တာက ရှစ်တန်း
ကိုးတန်းနဲ့ ဆယ်တန်း ပါ။

ငါးထပ်မြောက်က ရှစ်တန်းနဲ့ကိုးတန်းပေါ့။ နောက်ဆုံးထပ်ကတော့
ဆယ်တန်းတွေ။ ကျောင်းမှာ အကြောက်ရဆုံးဆရာက ဆရာမကြီး
ဒေါ်ခင်အုန်းမြင့်ပါ ။ ဘယ်လောက်တောင်ကြောက်ကလည်းဆိုင်ရင်တော့ သူလာပြီဆိုရင် တစ်တန်းလုံး အပ်ကျသံက အစ မကြားကျဘူး ။ ဆရာမက စာမလုပ်တာ စာမကျက်တာ စာမေးပွဲအမှတ်နည်းတာတွေဆိုရင် ရိုက်လည်းရိုက် မိဘလည်းခေါ်ပါတယ်။

ကျောင်းမှာအကြီးမားဆုံးစည်းကမ်းက ရည်းစား ကိစ္စ လုံးဝ လုံးဝ ခွင့်မပြုပါ။ အဲ့ကိစ္စ ဖြစ်ပြီဆိုရင် ဆရာကော ဆရာမကောက အသေပြောပြီ။ ဆူတာကော ဆဲတာကော ရစရာကိုမရှိဘူး။ ပြီးရင် အချိန်တိုင်း အဲ့ လူနှစ်ယောက်ကို အမြဲတမ်းစောင့်ကြည့်နေတာပါ ။ နောက်ဆုံးကျောင်းပါထုတ်ပစ်တဲ့ဟာတွေမှ တစ်ပုံတစ်ခေါင်းကြီး။ အာ့ကြောင့်မိဘ တွက အဲ့ကိစ္စ ဆိုရင် လုံးဝ စိတ်ချရပြီးသား။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now