အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)

Zacznij od początku
                                    

"ကျွန်....ကျွန်တော်....."

နာ့ရှီးရှစ်မှာ သူ့ကိုယ်သူ ဘာကိုကြောက်လို့ကြောက်နေမှန်းမသိဘဲ တုန်ယင်နေဆဲဖြစ်သည်။ ခေါင်းထဲတွင်လည်း အမြင်အာရုံဝေဝါးသွားသည့်အထိ တဆစ်ဆစ်ကိုက်ခဲလာ၏။ သို့နှင့် နောက်ဆုံးတော့ ဘာအကျိုးအကြောင်းမှ မပြောနိုင်ခင်မှာတင် ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ အရုပ်ကြိုးပြတ်လဲကျသွား၏။ 

******

မိမိမှာ ကျန်းနန်ရှိ လက်ဖက်တောတစ်နေရာဝယ် လူတစ်စု၏လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ရွှေနန်းတော်တွင်ရှိနေစဥ်ကတည်းက ချူယွမ်ကို အဘိုးမုချီပြောပြဖူးသေးသည်။ ထိုစဥ်တုန်းက တစ်ဖက်လူမှာ ပိုင်ရှန့်ပြည်မှအမိန့်အရ လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟုသာ ပြောလာ၏။ ထို့နောက် မထင်မှတ်ထားသောအကြောင်းအမျိုးမျိုးကြောင့် ချူယွမ်က နာ့ဝါကို ကယ်တင်ဖြစ်ခဲ့ကာ ထိုအကြောင်းကို မေးကြည့်သောအခါ နာ့ဝါကမူ တွေဝေနေပြီး အဘိုးအိုမုချီဆိုသည်မှာ မည်သူဖြစ်မှန်း နာ့ဝါက ကြားပင်မကြားဖူးခဲ့။ ထို့ကြောင့် ချူယွမ်လည်း ဤအမှုကို ခေတ္တခဏ မေ့ဖျောက်ထားခဲ့သည်။

ယခုတွင်မူ နာ့ရှီးရှစ်က အဘိုးအိုမုချီကို ပက်ပင်းကြီး လာတိုးသောအခါ အင်မတန်မှ လန့်ဖျတ်သွားပြီး သူ ကျူးလွန်ခဲ့ဖူးသော အပြစ်များအားလုံးကို ဖွင့်ဟဝန်ခံလာခဲ့သည်။ ထိုစဥ်တုန်းက နာ့ရှီးရှစ်မှာ ကျဲန့်ဂိုဏ်းတွင်နေထိုင်ခဲ့ပြီး ဖောက်သည်တစ်ယောက်က စျေးအများကြီးပေးလာသည်ဟု အမှတ်မထင်ကြားလိုက်ရလေရာ အကြံဆိုးဉာဏ်ဆိုးများ ဖြစ်ပေါ်လာသည်။ ထို့နောက် အဘိုးအိုမုချီ၏ ပုံတူပန်းချီကို ဆွဲလိုက်စေပြီး ပိုင်ရှန့်ပြည်ဘုရင်မှ လုပ်ဆောင်ခိုင်းသည်ဟု နာမည်အလွဲသုံးစားပြုကာ သိုင်းလောကထဲသို့ လူသတ်သမားများ လွှတ်စေလိုက်၏၊ အကြောင်းရင်းမှာ တစ်ပွဲတိုးဖြင့် ချမ်းသာကြွယ်ဝရန်ဖြစ်သည်ဟု ဆို၏။

ထိုစကားများကို နာ့ဝါကြားတော့ သတိလစ်တော့မတတ် ဒေါသအလိပ်လိုက်ထွက်လာတော့သည်။ ဘယ်နေရာမှာမှ အသုံးမကျသည့် ဆန်ကုန်မြေလေးကောင်က ယခုလို ရှက်ဖွယ်အတိပြီးသောကိစ္စများကိုပါ လုပ်ခဲ့သေးသည်ပဲ။ ထို့ကြောင့် ညီဖြစ်သူကို ရိုက်နှက်ရန် ရွယ်လိုက်တော့ ချူယွမ်က သွမ့်ယောင်အား တားဆီးခိုင်းလိုက်ကာ နာ့ရှီးရှစ်ဘက်လှည့်လိုက်ကာ မေး၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Opowieści tętniące życiem. Odkryj je teraz