Part - 1 (Unicode)

Start from the beginning
                                        

" အေး... အဲ့ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဌာနမှူး ဖြစ်တာပေါ့ ... "

" အင်းလေ... ဒီတော့ မနာလိုတဲ့လူလည်း ပေါမှာပဲ... ဝန်ကြီးရဲ့ ကီပင်ဆိုပြီးတောင် အပုပ်ချနေကြတာလေ... "

" အဲ့ဒါ တကယ်လား... "

" ဘယ်ကသာ... မဟုတ်ဘူး ပြီးတော့ အဲ့တီချယ်က Single တဲ့... "

သွန်းတစ်ယောက် စားပွဲပေါ်၌ မေးထောက်ကာ အရှေ့သို့ ငေးနေလေ၏။

ဘေးနားမှ သွန်း၏သူငယ်ချင်း ရတီမိုးအေးနှင့် လမင်းငယ် တို့၏ အတင်းစကားတို့မှာ နားထဲ
ဝင်တစ်ချက်၊ မဝင်တစ်ချက်။

သွန်း၏ အတွေးထဲ၊ စိတ်ကူးထဲ စိုးမိုးထားသူမှာ မမသစ်ဆိုသော ထိုတီချယ်...

ဘယ်ဌာနကမှန်းလဲ မသိ၊ တစ်ခါမှလည်း မမြင်ဖူးသော ထိုအမျိုးသမီးငယ်ကြောင့် သွန်းတစ်ချိန်လုံး ဘယ်ဌာနကများလဲ စဉ်းစားနေလေ၏။

စာပေကတော့ မဖြစ်နိုင်။ မိခင်ဖြစ်သူဆီ နေ့တိုင်းရောက်နေသဖြင့် ဆရာမအသစ်ရောက်လျှင်တောင် သွန်း ကျိန်းသေ သိပေမည်။

ပန်းချီကလည်း မဖြစ်နိုင် သူ့ထံတွင် ပုံဆွဲလို့ ရတာဆိုလို့ ခဲတံတောင် ပါပုံမရ။

ခန္ဓာကိုယ်အချိုးအစား အတော်လှသောကြောင့် သဘင်ကများလား...

စကားပြောသည့် လေယူလေတိမ်းလည်း ချိုလွန်းလှလေသည်... ဂီတကလည်း ဖြစ်ကောင်းပါရဲ့...

သွန်းတစ်ယောက် တွေးနေစဉ်မှာပင်
ပြဇာတ်ဆရာမ၏ အသံကို ကြားလိုက်ရလေ၏။

"ဌာနမှူးလာပြီ ... မတ်တပ်ရပ်ကြ... "

အားလုံး မတ်တပ်ရပ်လိုက်ကြလေသည်။
အခန်းတွင်း အပ်ကျသံပင် ကြားရလောက်အောင်
ငြိမ်သက်နေလေ၏။

"ခွပ်၊ ခွပ်၊ ခွပ်" နှင့် ဒေါက်ဖိနပ်သံ ခပ်သဲ့သဲ့ကို ကြားလိုက်ရလေ၏။

သွန်းသည် ခုံတန်း၏ အလယ်ဘက်ခြမ်းအစွန်၌ တည်ရှိနေသည်မို့ နံဘေးနားမှ ဖြတ်သွားသော လေညှင်းဆီမှ ရင်းနီးနေသည့် ရနံ့တစ်ခုကို
ရလိုက်လေသည်။

By Loving (own creation)Where stories live. Discover now