Part - 1 (Unicode)

Start from the beginning
                                        

" အသည်းလေးတို့ကလည်း စိတ်ချည်းပဲ... "

" အဲ့ဒါထက် နင် ပြန်ရောက်တဲ့အနေနဲ့ရော၊ ရာထူးနဲ့ရော ငါတို့ကို နှစ်ခါ ကျွေးမှ ဖြစ်မယ်... "

ဝေ့ရဲ့ စကားကြောင့် ဟန်သစ်က ပြုံးလိုက်ကာ

" ဟုတ်ပါပြီ... အတန်းရှိလား... မရှိရင် Jubilee မှာ ကော်ဖီသွားသောက်ကြမယ်လေ... မတွေ့ရတာ ကြာတော့ စကားအေးဆေး ပြောရအောင်လို့ ... "

" လှမ်းမှာလိုက်ပါလား... တီချယ်က ဆယ်ခွဲအတန်းရှိတယ်... ဒီဘက်ပေါက်က ကားထွက်လို့ မရတော့ လမ်းလျှောက်တာ အသွားအပြန် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်က ကုန်ဦးမယ်... အေး တို့တွေလည်း ဒီအသက်၊ ဒီအရွယ် ရောက်နေပြီ... အရင်လို အုတ်တံတိုင်း မကျော်တက်ခိုင်းနဲ့တော့... "

" တီချယ်ကလည်း တစ်ခါလေး ကျော်တက်တဲ့ဟာကို... "

သုံးယောက်သား ရယ်မောရင်း အင်္ဂလိပ်စာဌာနခန်းတွင်းသို့ ဝင်လာကြလေ၏။

" သစ်ရေ ခဏစောင့်ဦး ... ငါတို့ ဌာနမှူးခန်းမှာ လက်မှတ်သွားထိုးလိုက်ဦးမယ်... "

" ဟုတ် ... သစ် coffee လှမ်းမှာ ထားလိုက်မယ်... ဝေက Ice Cappuccino ၊ ဆွေက Ice Americano ဟုတ်တယ်မလား... "

" အံမယ် ... မှတ်မိသားပဲ... "

" မှတ်မိတာပေါ့ ... တို့ရဲ့ခိုင်ကတော့ Espresso ကြိုက်ပေမယ့် တစ်ခါတစ်လေ Latte သောက်တယ်... "

" ခုနကျ သူများကြားမှာစိုးလို့တဲ့ အခုကျ တို့ရဲ့ခိုင်ဖြစ်သွားပြန်ရော... "

ဝေ့ရဲ့စကားကြောင့် သုံးယောက်သား
ရယ်လိုက်မိလေသည်။
......................................................

နေ့လယ် တစ်နာရီ၌ ဌာနမှူးအသစ်က မိန့်ခွန်း ပြောမည်ဆိုသောကြောင့် သွန်းတို့ ရုပ်ရှင်နှင့်ပြဇာတ် တစ်ဌာနလုံး Theatre ထဲ၌ စောင့်နေကြလေ၏။

" ဌာနမှူးက တော်တော်လေးချောတယ်လို့ ပြောကြတယ် ... မနက်က ဝေယံတို့တွေ ရုံးခန်းရှေ့ သွားချောင်းကြတယ်လေ... "

" ချောတာ မချောတာက ဘာလုပ်ရမှာလဲ ... အဓိကက အရည်အချင်း ရှိဖို့ပဲ... "

" ဟဲ့ UK ကနေ  Film and Theatre ကို Ph.D ရလာတဲ့ဟာ တော်ရုံလူတော့ မဟုတ်လောက်ဘူး... "

By Loving (own creation)Where stories live. Discover now