Part - 1 (Unicode)

Start from the beginning
                                        

" ဟေး... သစ်သစ် "

ဟန်သစ်နှင့်သွန်း တပြိုင်နက်
လှည့်ကြည့်လိုက်လေသည်။

စာပေဌာနခွဲ မြန်မာစာဌာနမှ ဒေါ်လဲ့နှင်းဝေနှင့်
အင်္ဂလိပ်စာဌာနမှ ဒေါ်ယဉ်မင်းဆွေ တို့က ပြုံးလျက် ဟန်သစ်တို့ထံသို့ လျှောက်လာလေ၏။

ဟန်သစ်က ပြုံးလိုက်ကာ

" အခုပဲ တီချယ်တို့ဆီ လာမလို့ ... သြော်... သမီး ကျေးဇူးပဲနော်... "

ဟန်သစ်က သွန်းဘက်သို့ လှည့်ကာ အိတ်ကို
ယူလိုက်လေ၏။

" ဟုတ်... ဒါဆို သမီးသွားပြီနော်... အန်တီဝေနဲ့ အန်တီဆွေ သမီးသွားပြီနော်... "

" အေး... သမီးလေး... မေမေ့ကို အန်တီတို့ မေးတယ်လို့ ပြောလိုက်နော်... ညနေကျ အားရင် လာခဲ့မယ်..."

" ဟုတ်ကဲ့... "

သွန်းက လှည့်ထွက်သွားလေလျှင် ဝေက
ဟန်သစ်အား လက်ကုတ်လိုက်ရင်း

" ဟဲ့ ... အဲ့ဒါ နင့်ချစ်ချစ်ရဲ့ သမီးလေ... "

" တီချယ်ရယ် သူများတွေ ကြားကုန်ပါဦးမယ်... "

ဟန်သစ်က ပြောရင်း ခေါင်းကုတ်လိုက်လေရာ
ဝေနှင့်ဆွေက ရယ်လေသည်။

သုံးယောက်သား ဌာနခန်းသို့ လမ်းလျှောက်လာကြလေ၏။

" ဘာအခုမှ သူများ ကြားမှာ စိုးနေတာလဲ... နင့်ချစ်ချစ် နေမကောင်းဘူးတဲ့ သတင်းသွားမေးလိုက်ဦး ... "

ဝေ့ရဲ့စကားကြောင့် ဟန်သစ်က ပြုံးနေလေ၏။
ဆွေကတော့ မျက်မှောင်ကျုံ့လိုက်ကာ

" မဝေ တအားတွေ လိုက်စမနေနဲ့ ... ဟန်သစ်နွယ်တို့က  အရင်လို မဟုတ်တော့ဘူး... ဌာနမှူးအနေနဲ့ ရောက်လာတော့ ဆွေတို့နဲ့ ကွာသွားပြီလေ... "

" ကြည့်... တီချယ်တို့နော်... သစ်သစ်ကို တွေ့တာနဲ့ စမယ်ဆိုတာချည်းပဲ... ဒီလူတွေက ရာထူးခွဲခြားနေရမယ့် လူတွေလား... "

" နင် UK ကနေ ပြန်ရောက်ရောက်ချင်း မဆက်သွယ်ဘူးလေ... ငါတို့မှာ နင် ဌာနမှူးအနေနဲ့ ရောက်လာမယ် ကြားတော့မှ နင် ပြန်ရောက်နေမှန်း သိရတယ်... တကယ် စိတ်ဆိုးတယ်နော်... သစ်သစ်... "

By Loving (own creation)Where stories live. Discover now