ဟန်သစ် ကားပြန်ထွက်မည်အပြု
" တီချယ်... "
အသံလာရာသို့ ဟန်သစ်ရော၊ သွန်းပါ
လှမ်းကြည့်လိုက်လေရာ ရုပ်ရှင်ဌာနမှ
သရုပ်ဆောင်ဆရာမလေး ဝတ်ရည်နှင်း။
" ဌာန သွားမှာလား ဝတ်ရည်... တက်လေ... အတူသွားမယ်... "
" မုန့်ဝင်ဝယ်မလို့ ... တီချယ်ရော ဘာစားပြီးပြီလဲ... တစ်ခုခုစားသွားပါလား... "
" ကျေးဇူးပါရှင်... အိမ်ကနေ စားလာပါတယ်... ဒါဆို နောက်မှ တွေ့ကြမယ်နော် ... စာပေဌာနကို ကိစ္စလေးရှိလို့ ... "
" ဟုတ်ကဲ့ တီချယ်... "
ဟန်သစ် ကားကို မောင်း၍ ထွက်ခွာလာလေ၏။
ကားParking ထိုးပြီးသော် ဟန်သစ်နှင့် သွန်းအတူဆင်းလာလေ၏။ သွန်းက ဟန်သစ်၏ လက်ထဲမှ
ဖိုင်အိတ်ကို လှမ်းယူလိုက်ကာ
" သမီးကိုပေး တီချယ်... သမီး ယူခဲ့ပေးမယ်... "
ဟန်သစ်က လှစ်ခနဲ ပြုံးလိုက်ကာ
" ကျေးဇူးပါရှင်... "
" ဟိုလေ... ဆရာမမှန်း မသိလို့ အစ်မလို့ ခေါ်လိုက်မိတာ စိတ်မရှိပါနဲ့နော်... "
" အာ... ရပါတယ်... ဒီလို ဆယ်ကျော်သက်လေးတွေဆီက အစ်မအခေါ်ခံရတာ တို့က နစ်နာသွားတာမှ မဟုတ်တာ... တို့က နုတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ... "
" တီချယ်က ငယ်သေးတာပဲကို... "
" အို... ၃၀ ကျော်နေပြီ... "
" တကယ်... ၂၀ အစိတ်ပဲ ထင်နေတာ... "
" ဒီကောင်မလေးကိုတော့ မုန့်ဝယ်ကျွေးရတော့မယ် ထင်တယ်... "
ဆင်ဝင်အောက်သို့အရောက်
ဟန်သစ်က ရယ်လျက်ပင်
" သမီး ရပြီ... တီချယ်က စာပေဌာနကို ကိစ္စရှိသေးလို့ ... အတန်းရှိတယ်မလား... အပေါ်တက်တော့လေ... "
" ရတယ် တီချယ် ... ဌာနခန်းထဲ လိုက်ပို့ပေးမယ်လေ... "
ဟန်သစ်က ခေါင်းငြိမ့်လိုက်လေသည်။
" ဒါနဲ့ တီချယ်က ဘယ်ဌာနက ...... "
သွန်း၏ စကားမဆုံးမိပင် အနောက်ဆီမှ ခေါ်သံ ထွက်ပေါ်လာလေသည်။
ВЫ ЧИТАЕТЕ
By Loving (own creation)
Любовные романы(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part - 1 (Unicode)
Начните с самого начала
