ဟန်သစ်က သွန်း၏ စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေလေသည်။
ချယ်ရီကတော့ ပြတင်းပေါက်ဘက်သို့ မျက်နှာလှည့်ကာ အံကိုကြိတ်ရင်း ခိုးရယ်နေလေ၏။
" ဟုတ်တယ်လေ... ဘယ်ကမ္ဘာက လာမှန်းမသိဘဲ ဌာနမှူး ဝင်လုပ်တာ ဘယ်ဖြစ်သင့်မလဲ... ဒါနဲ့ ဒီသတင်း ဘယ်က ကြားတာလဲ... "
" သူငယ်ချင်းတွေ ပြောပြတာ... "
" သမီးမေမေကရော ... ဌာနမှူးအသစ်နဲ့ ပတ်သတ်ပြီး ဘာပြောလဲ... "
" ဘာမှ မပြောဘူး အစ်မ... "
" ဟုတ်လား... "
ဟန်သစ်က ပြုံးရင်း ပြောလိုက်လေ၏။
............................................................
ကားသည်ကျောင်းဝန်းအတွင်းသို့
ဝင်ရောက်လာလေ၏။
" အရီ... ဘာချိန်လဲ... ဘယ်အဆောင်ပို့ပေးရမလဲ... "
" Canteen ထိုင်ဦးမှာ... ဦးစံမှာ ရပ်ပေးနော်... "
" သွန်းသက်ခြယ် ... သမီးကရော... အတန်းသွားမှာလား... "
သွန်းက ဟန်သစ်ကို လှမ်းကြည့်ရင်း
ခေါင်းငြိမ့်လိုက်လေသည်။
" ဟုတ်ကဲ့... ဒါပေမယ့် ရပါတယ်... လမ်းလျှောက်သွားလိုက်မယ်... "
" ရတယ်... တို့လည်း သဇင်ဆောင် သွားမှာ... "
ဟန်သစ်က အရီ့အား တော်ဝင်ဦးစံ
Canteen ရှေ့ ရပ်ပေးကာ
" ပြန်ခါနီးရင် ဖုန်းဆက်နော်... ညီမလေးကိုပါ ဖုန်းဆက်ပြီး ချိန်းထားလိုက်... "
" ဟုတ်ကဲ့... သွားတော့မယ်နော် မမသစ် ... အဲ... တီချယ်... သွန်းရေ မမ သွားပြီနော်... ပြန်ခါနီးရင် မမကို ဖုန်းဆက်လိုက်... ဒါမှ မဟုတ်လည်း ဒီအဘွားကြီးနဲ့ သွားနေနေလိုက် "
အရီက ကားပေါ်က ဆင်းကာ
တံခါးကို ပိတ်လျက် ပြောလေသည်။
သွန်းက ခေါင်းငြိမ့်ကာ
" ဟုတ်ကဲ့ မမ "
အရီက ကျောပိုးအိတ်၏ ကြိုးနှစ်ဖက်ကို လက်ဖြင့်ဆွဲတင်လိုက်ရင်း လှည့်ထွက်သွားလေသည်။
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part - 1 (Unicode)
Start from the beginning
