Part - 1 (Unicode)

Start from the beginning
                                        

" အင်း... အပြန်ခါလည်း တို့ ပြန်ပို့ပေးမယ်လေ... နောက်နေ့တွေလည်း တို့ကားနဲ့ လိုက်ခဲ့လို့ ရတယ်... ဒီငတိမကိုက နေ့တိုင်း ကြိုရမှာဆိုတော့ လမ်းကြုံနေတာပဲ... "

" အားနာလို့ ... "

" ဘာမှ အားမနာနဲ့ သွန်းလေး... မမသစ်ကလေ ငယ်ငယ်က သွန်းလေးကို တော်တော်ချစ်တာ... သွန်းလေး သူ့ကိုယ်ပေါ်မှာ အီးပါချတာတောင် သွန်းလေး ငိုမှာစိုးလို့ ငြိမ်ပြီးဆက်ချီထားတာ... "

" ဟယ်... ချယ်ရီဝင်းလက်ရယ် ရှင်မှတ်ဉာဏ်ကောင်းလှချည်လား... "

" လုံးဝမေ့လို့ မရတာ မမသစ်... ပြန်ပြောရင် မကျေနပ်ချက်တွေ ပေါ်လာလိမ့်မယ်... မမသစ်က သွန်းလေးကိုဆို တအား သည်းခံတယ်... အရီ့ကိုဆို သည်းမခံဘူးလေ... "

" အရီရယ် တို့တောင် အဲ့ဒါတွေ မမှတ်မိတော့ဘူး... တကယ် အံ့သြတယ် ... ရှင်လေ... အသက်လေးနှစ်လောက်ကဟာကို မှတ်မိနေလို့ "

" အခုတော့ အဲ့ဒါကို ခံစားချက် မရှိတော့ပါဘူး... ငယ်ငယ်ကတော့ မနာလို ဖြစ်မိလို့ ခုထိ မှတ်မိနေတာ... "

ဟန်သစ်က ပြုံးလိုက်ကာ

" အဲ့ဒါပဲကြည့် ... ဒီလိုလူနဲ့ အပေါင်းအသင်းဖြစ်နေတဲ့ သွန်းသက်ခြယ် အတွက် တို့ရင်မောမိပါတယ်... "

" မမသစ်နော်... "

ဟန်သစ်၏ စကားကြောင့် အရီက
မျက်စောင်းထိုးလေသည်။
သွန်းကတော့ ရယ်နေလေသည်။

" by the way ရုပ်ရှင်ကဆိုလို့ မေးရဦးမယ်... "

ဟန်သစ်၏ စကားကြောင့် သွန်းက
ဟန်သစ်အား လှမ်းကြည့်လိုက်လေသည်။

" ဒီနေ့ သမီးတို့ဌာနကို ဌာနမှူးအသစ် ရောက်မှာဆို... "

" ဟုတ်တယ် အစ်မ... "

" အဲ့ဌာနမှူးအသစ်အကြောင်း ဘာကြားလဲ... ဘယ်လိုလူလဲ သိလား... "

" အဟိ... "

ဟန်သစ်၏ အမေးစကားကြောင့် အရီက
မျက်နှာငုံ့ကာ ခိုးရယ်လိုက်လေသည်။
သွန်းကတော့ မျက်မှောင်ကျုံ့ကာ မနှစ်မြို့ဟန်ဖြင့်

" ဝန်ကြီးရဲ့ ကီပင်တဲ့... အဲ့ဒါကြောင့် ငယ်ငယ်လေးနဲ့ Procedure တွေကို ကျော်ပြီး ဌာနမှူးတန်းဖြစ်တာ နေမှာပေါ့... သမီးကတော့ အဲ့လို မိုးကျရွှေကိုယ်တွေကို ကြည့်မရပါဘူး... "

By Loving (own creation)Where stories live. Discover now