Part - 1 (Unicode)

Start from the beginning
                                        

" တို့လည်း တံခါးဖွင့်တာ သတိမထားမိတာပါ... ဒါနဲ့ သူ့ကို ဘယ်လိုက်ပို့ပေးရမှာလဲ... "

" ကျောင်းကိုပဲလေ မမသစ်... သူက ပထမနှစ် ရုပ်ရှင်က ... "

" အင်း... ရုပ်ရှင်ကလား... နောက်နှစ် ဘာကို Specialize ရွေးမှာလဲ... "

ဟန်သစ်က ပြောပြောဆိုဆိုဖြင့် ကားကို မောင်းထွက်လာလေ၏။

" Cinematography နဲ့ Script Writing တစ်ခုခု ယူဖြစ်မယ် ထင်တယ်... "

" I recommend for Cinematography နော်... ဒါပေမယ့် နှစ်ဆုံးတော့မှ ဆုံးဖြတ်ပါ... လေ့လာချိန်ရသေးတာပဲ... "

" ဟုတ်တယ် အစ်မ... နှစ်ခုလုံးကို စိတ်ဝင်စားနေလို့ ... စဉ်းစားနေတုန်းပဲ... "

" အင်း... ဒါနဲ့ ဝန်ထမ်းအိမ်ရာမှာနေတာဆိုတော့ ဝန်ထမ်းမိသားစုကပေါ့ ... ဘယ်သူ့သမီးလဲ... "

သွန်းက ပြန်ဖြေရန် ပါးစပ်ဟရုံရှိသေး၊
ချယ်ရီက ဖြတ်၍

" မမသစ် သွန်းလေးကို မမှတ်မိဘူးလား... မြေညီထပ်မှာ နေတာလေ... သွန်းသက်ခြယ်လေ... မမရဲ့ ... "

အရီ့စကားကြောင့် ဟန်သစ်် တွေဝေသွားလေ၏။

" ဒါဆို ခိုင်... အင်း... တီချယ်ဒေါ်ငွေနှင်းခိုင်ရဲ့ သမီးပေါ့... "

" ဟုတ်တယ်... အန်တီငွေနှင်းရဲ့သမီး... ဟွန့် ငယ်ငယ်တုန်းကဆို မမသစ်က အရီ့ထက် သွန်းလေးကို ပိုချစ်ခဲ့တာ... "

" ပေါက်ကရတွေ ... အဲ့တုန်းက အကြောင်းတွေ ရှင်က ဘယ်လို မှတ်မိမှာလဲ... "

" မမသစ် UK ထွက်သွားတော့လည်း မေမေ့ဆီကနေ အန်တီငွေနှင်းတို့ အကြောင်း ခဏခဏ မေးနေတဲ့ဟာ အရီက သိသားပဲ... "

ဟန်သစ်က ဘာမှ မတုံ့ပြန်ဘဲ ပြုံး၍သာ နေလေ၏။

" ဒါနဲ့ သွန်းသက်ခြယ်က တို့ကို ဘယ်မှတ်မိမလဲ... တို့ ကျောင်းပြီးလို့ ထွက်သွားတော့ သူက ၃နှစ်လောက်ပဲ ရှိသေးတာကို... "

" ဟုတ် မမှတ်မိဘူး... "

ဟန်သစ်က ပြုံး၍ ခေါင်းညိမ့်လိုက်လေ၏။

" သမီး မေမေရော နေကောင်းရဲ့လား... "

" ဒီနေ့တော့ နေမကောင်းလို့ သမီးတစ်ယောက်တည်း ကျောင်းသွားတာ... "

By Loving (own creation)Where stories live. Discover now