Part - 1 (Unicode)

Start from the beginning
                                        

မထင်မှတ်ဘဲ ကားအနောက်ဆီမှ ပေါ်လာသော စက်ဘီးတစ်စီးက ကားတံခါးကို ရှောင်ရင်း ဘရိတ်အုပ်လိုက်လေရာ ပစ်လဲသွားလေ၏။

ပစ်လဲသွားသော ကလေးမကို ဟန်သစ်
ဆွဲထူပေးလိုက်လေ၏။

" အာ... တို့ တောင်းပန်ပါတယ်... ဘယ်နားထိသွားလဲဟင်... "

" ရပါတယ်... ညီမကလည်း ကားထဲ လူမရှိဘူး ထင်ပြီး ကွေ့ဝင်လိုက်တာ... "

" ရရဲ့လား... တို့ ဆေးခန်း လိုက်ပို့ပေးမယ်လေ... "

" အဲ့လောက်ကြီး မဟုတ်ပါဘူး... အဆင်ပြေပါတယ်... ဟိုလေ... မေမေ စောင့်နေလို့ သွားလိုက်ပါဦးမယ်နော်... "

" ဟုတ်ကဲ့... "

ထွက်ခွာသွားသော ထိုကလေးမ၏ ကျောပြင်ကို ဟန်သစ်တစ်ယောက် ငေးကြည့်နေမိလေသည်။

...................................................

ကားတံခါးကို ဆွဲဖွင့်ကာ Lover seat ဟု ခေါ်သော ကားရှေ့ခန်း၊ ဘေးခုံသို့ ချယ်ရီဝင်းလက် တစ်ယောက် တက်ထိုင်လိုက်သည်နှင့် ဟန်သစ်က အရီ့အား မျက်စောင်းနှင့် ဆီးကြို လေ၏။

" မမသစ် မဆူနဲ့ဦး ... အသိ ညီမလေး ပါလာလို့... "

အရီက အနောက်သို့ လှည့်ကြည့်ရင်း

" သွန်းလေး ဝင်ထိုင်နော်... "

ကားနောက်ခန်းသို့ ဝင်လာသော ထိုမိန်းကလေးအား ဟန်သစ် လှည့်ကြည့်လိုက်လေ၏။

ထိုကလေးမကလည်း ဟန်သစ်အား လှမ်းကြည့်လိုက်လေ၏။

" သြော်... မင်းကိုး... ဟိုနေ့က အဆင်ပြေရဲ့လား... "

" ဟုတ် ပြေပါတယ်... "

သွန်းက ဟန်သစ်အား မဝံ့မရဲဖြင့် ပြန်ဖြေလေသည်။

" မမသစ်တို့ ဆုံဖူးကြတာလား... "

" အင်း... အရီ့ကို တို့ ပြောတယ်လေ... ဟိုနေ့က ကားတံခါးဖွင့်တုန်း နောက်ကနေ စက်ဘီးနဲ့ ခိုက်မိတယ် ဆိုတာ... "

" အဲ့ဒါ သွန်းလား... "

" ဟုတ်တယ် မမချယ်ရီ ... သွန်းလည်း မေမေ စောင့်နေတယ် ဆိုပြီး အရှေ့မှာ ကား ရပ်တာကို သတိမထားဘဲ ဝန်းထဲကို ကွေ့ဝင်လိုက်တာ... ဒီအစ်မနဲ့ ဝင်တိုက်ရော... "

By Loving (own creation)Where stories live. Discover now