ဟန်သစ်က မျက်မှောင်ကျုံ့လိုက်ကာ
လေသံခပ်တိုးတိုးဖြင့်
"အမလေး... ပေါက်ကရ ပြောပြန်ပြီ... သူ့မိသားစုနဲ့သူ နေနေတဲ့လူကို... "
"ဟဲ့... နင်မသိသေးဘူးလား... သူက အခု Single Mom လေ... "
ဝေ့စကားကြောင့် ဟန်သစ်က အံ့သြစွာဖြင့် ဝေ့ကို လှည့်ကြည့်လာလေသည်။
" Divorce လုပ်လိုက်တာလား... "
" ဟုတ်တယ်... နင် မသိဘူးလား... "
"ဟင့်အင်း... "
ဟန်သစ်က ပြောပြောဆိုဆိုဖြင့်
ခေါင်းရမ်းလိုက်လေသည်။
တိတ်ဆိတ်နေသော အငွေ့အသက်များကို သွန်းက မဝံ့မရဲ့ စကားသံတို့ဖြင့် ဖြိုခွင်းလိုက်လေသည်။
"ဟိုလေ တီချယ်က အခုထိ နေ့လယ်စာ မစားရသေးတော့ အိမ်မှာပဲ စားသွားပါလားဟင်... "
" သစ်သစ် ခုထိ ထမင်းမစားရသေးဘူးလား... နင် အဲ့သည့် အကျင့်ကို ခုထိ မပြင်ဘူးပဲ... "
ဆွေ့၏ အပြစ်တင်စကားတို့ကြောင့် ဟန်သစ်က ပြုံးလိုက်ကာ
" နေ့လယ်က အလုပ်နည်းနည်းရှုပ်နေတာရယ်၊ စောစောပြန်ဖို့ စီစဉ်ထားတာရယ်ကြောင့်ပါ။... ထမင်းမစားပေမယ့် မုန့်စားထားပါတယ် တီချယ်ရယ်... သစ်က အခု အရင်လို မဟုတ်တော့ဘူး။ ထမင်းစားချိန် မှန်နေပါပြီ..."
" အခုရော ဗိုက်ဆာနေပြီလား ... "
" မဆာသေးပါဘူး၊ သစ်ကို စိတ်မပူပါနဲ့... "
" ဟို... အိမ်မှာတော့ ဘာမှ မရှိဘူး။ ဒါပေမယ့် ဖုန်းဆက်မှာထားလို့ ရတယ်... တစ်ခုခု မှာပေးမယ်လေ တီချယ်... "
" ရပါတယ်အေ... တီချယ်က သမီးတို့ အတန်းထဲကို မဝင်ခင်တင် မုန့်စားထားတာ... ပြီးတော့ တီချယ်က ဒီကလူတွေလို ထမင်းကို သိပ်ပြီး အာသီသထားတာ မဟုတ်ဘူး။... ဗိုက်ပြည့်ဖို့ပဲ အဓိက။ "
ဝေက နှုတ်ခမ်းကို ကိုက်ကာ ဟန်သစ်၏ စကားကို နားထောင်နေလေသည်။
ဟန်သစ်၏ စကားဆုံးသည်နှင့် သွန်းအား
လှည့်ကြည့်ကာ
YOU ARE READING
By Loving (own creation)
Romance(Zawgyi) မိမိ၏ငယ်ချစ်ဦးနှင့် ပြန်ဆုံပြီးနောက်၊ ပြန်လည်၍ ချစ်ကြိုးသွယ်မိရာမှ မထင်မှတ်သော အရှုပ်အထွေးများနှင့် ကြုံတွေ့လာရသော အမျိုးသမီးတစ်ဦးအကြောင်း။ ဤဇာတ်လမ်းတွင် ပါဝင်သော အချိန်ကာလ၊ နေရာဒေသ၊ အဖြစ်အပျက်၊ ဇာတ်ကောင်များ အားလုံးတို့သည် စာရေးသူ၏ စိတ်ကူးသ...
Part - 1 (Unicode)
Start from the beginning
