သွန်းက ထလိုက်ရာမှ ဟန်သစ်၏ စားပွဲပေါ်ရှိ ဓာတ်ပုံမှန်ဘောင် တစ်ခုကို အံဆွဲအတွင်း
ထည့်လိုက်သည်ကို သတိထားလိုက်မိလေသည်။ သို့သော် ဘာပုံမှန်းတော့ သေချာမမြင်လိုက်ချေ။
...........................

ကားကို Parking မှ ထုတ်နေစဉ်မှာပင် အရီက သုတ်သီးသုတ်ပျာနှင့် ရောက်လာလေသည်။

အရီက ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ကာ သွန်း၏ နံဘေးဝင်ထိုင်လိုက်လေသည်။

" မမသစ် ထမင်းစားပြီးရဲ့လား ... "

" ဟင့်အင်း... မစားရသေးဘူး... တစ်ခုခု သွားစားကြမလား ... "

"ဟင်... တီချယ် အခုထိ ထမင်း မစားရသေးဘူးလား... "

" အင်း... နေ့လယ်က နည်းနည်း အလုပ်များသွားတော့ အောင်ဇေယျထဲ မသွားဖြစ်လိုက်ဘူးလေ... "

" အယ်... ဟိုမှာ တီချယ်ဝေတို့တွေ "

အရီ့ စကားကြောင့် ဟန်သစ်က
လှမ်းကြည့်လိုက်လေ၏။
ထို့နောက် ကားကို ဝေနှင့်ဆွေ၏ အနောက်မှ ကပ်လိုက်လာကာ ဟွန်းတီးလိုက်လေ၏။

" ပွမ် ပွမ်... "

ကားဟွန်းသံကြောင့် နှစ်ဦးသား
လှည့်ကြည့်လာကြလေ၏။
ဟန်သစ်က ကားကို ပလပ်ဖောင်းဘေး
ကပ်ရပ်လိုက်ကာ

"တီချယ်တို့ ပြန်တော့မလို့လား... "

ဟန်သစ်၏ အမေးစကားကြောင့် ဆွေက
ခေါင်းငြိမ့်လိုက်ကာ

"ဟုတ်တယ်... ငွေနှင်းကို သွားတွေ့မလို့ ...
စောပြန်လိုက်တာ... "

" လမ်းကြုံတာပဲ... လိုက်ခဲ့လေ... သွန်းသက်ခြယ်လည်းပါတယ်... "

ဝေနှင့်ဆွေ နှစ်ဦးသား ခေါင်းငြိမ့်လိုက်ကာ ဝေက ကားရှေ့ခန်း၊ ဆွေက ကားနောက်ခန်းရှိ သွန်း၏ နံဘေး အသီးသီး ဝင်ထိုင်လိုက်လေ၏။

ဟန်သစ် ကားဘီးကို လှိမ့်ရုံရှိသေး၊ ဝေက ဟန်သစ်၏ နားနားကပ်ကာ တီးတိုး ပြောလာလေသည်။

" ဟန်သစ်နွယ်တို့များနော် စည်းရုံးရေးတော်လိုက်တာ၊ အခုမှ ကျောင်းကို ပထမဆုံး တက်တယ်... ဟင်းဟင်း... "

By Loving (own creation)Donde viven las historias. Descúbrelo ahora