Part - 1 (Unicode)

Start bij het begin
                                        

ဟန်သစ်က စင်ပေါ်မှ ဆင်းလာပြီး
သွန်း၏နံဘေးမှအဖြတ်

" အတန်းမရှိတော့ဘူးမလား... ခဏနေ တီချယ့်ရုံးခန်း လာခဲ့နော်... "

သွန်းကိုယ်တိုင်ပင် မသိလိုက်ဘဲ ခေါင်းငြိမ့်လိုက်မိလေသည်။ ထိုမျှလောက်အောင်ပင် ဟန်သစ်က အသံသြဇာနှင့် ပြည့်စုံလေသည်။
..............................

ရုံးခန်းအတွင်း ဟန်သစ်တစ်ယောက်
စာရွက်စာတမ်းများကို သိမ်းဆည်းနေလေ၏။

" တီချယ်... ဝင်ခွင့်ပြုပါ... "

" ဝင်ပါရှင်... ဝင်ပါ... ဝင်ပါ... "

ဟန်သစ်က သွန်းကို မော့ကြည့်လိုက်ကာ

" သမီး ထိုင်လေ... တီချယ့်နားလာထိုင်လည်း ရတယ်... ဟိုဘက် ဆိုဖာပေါ် သွားထိုင်လည်း ရတယ်... တီချယ် ဒါလေး သိမ်းလိုက်ဦးမယ်နော်... "

" ဟုတ်ကဲ့... "

သွန်းက ဟန်သစ်၏ မျက်နှာချင်းဆိုင်ခုံ၌
ဝင်ထိုင်လိုက်လေ၏။

" အရီ့ကို ဖုန်းဆက်ထားတယ်... သူလာလိမ့်မယ်... "

" ဟိုလေ တီချယ်... မနက်က သမီး မသိလို့ သမီး ကြားတာ သမီးပြောတာနော် တီချယ်... သမီး တမင် ပြောတာ မဟုတ်ဘူးနော်...  "

သွန်း၏စကားကြောင့် ဟန်သစ်က စာရွက်ကို ကြည့်နေရာမှ သွန်းကို ကြည့်လိုက်လေသည်။

ထို့နောက် ဟန်သစ်က သွားပေါ်အောင် ပြုံးလိုက်ကာ

" ဟုတ်ပါပြီ... တီချယ် နားလည်ပါတယ်... ပြီးတော့ ဒီလို ကောလာဟလတွေကိုသာ တီချယ် လိုက်ခံစားနေမယ်ဆို တီချယ် ဒီနေရာအထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး သမီးရဲ့... အနုပညာသမားဆိုတာ စိတ်ထားတတ်ဖို့က အရေးအကြီးဆုံးပဲ... တီချယ်ကတော့ တီချယ် မဟုတ်လို့ မနာဘူး... အဲ့တော့ သမီးလည်း စိတ်ထဲ ထားမနေနဲ့တော့ ဟုတ်ပြီလား... "

" ဟုတ်ကဲ့ တီချယ်... "

ဟန်သစ်က စာရွက်တစ်ချို့ကို ဖိုင်အတွင်း
ထည့်လျက် မတ်တပ်ရပ်လိုက်ကာ

" သွားရအောင်... အရီ့ကို ကားထဲက စောင့်နှင့်မယ်... "

" ဟုတ်... "

By Loving (own creation)Waar verhalen tot leven komen. Ontdek het nu