Part - 1 (Unicode)

Start from the beginning
                                        

လွင့်မျောနေသော သွန်း၏ အတွေးစတို့ တန့်ခနဲ ဖြစ်သွားလေ၏။

စင်မြင့်ပေါ်မှ မိုက်ကို လက်ဖြင့် ခေါက်သည့်အသံ ထွက်ပေါ်လာပြီးနောက်
"မင်္ဂလာပါ... " ဟူသော ချိုမြသည့်အသံကြောင့် သွန်း မော့ကြည့်လိုက်လေသည်။

ပိတောက်ခြောက်ရောင်အောက်ခံ၌ အနက်ရောင် ပန်းခက်များ ရေးဆွဲထားသော တမူးဝမ်းဆက်ဖြင့် ထိုအမျိုးသမီးက အေးမြစွာပြုံးလျက်...

အခြားကျောင်းသား၊ ကျောင်းသူများက " မင်္ဂလာပါ ဆရာမ" ဟု ပြန်လည်နှုတ်ဆက်ကြသော်လည်း သွန်းကတော့ လက်အုပ်ကြီးချီကာ ငေးကြည့်နေမိလေသည်။

" ဟုတ်ကဲ့ပါ... အားလုံးထိုင်ကြပါရှင်... "

အားလုံးက ထိုင်လိုက်ကြသော်လည်း သွန်းကတော့ အာရုံမရဘဲ ငေးနေမိသဖြင့် နံဘေးရှိ လမင်းငယ်က ဆွဲထိုင်ချလိုက်လေ၏။

သွန််း၏ အမူအရာကို လှမ်းမြင်နေရသဖြင့် ဟန်သစ် ခေါင်းကိုငုံ့ကာ ရယ်လိုက်လေသည်။

" ငါ့သားတွေ၊ သမီးတွေ အားလုံး မင်္ဂလာပါ...
တီချယ်ကတော့ ဒီနေ့၊ ဒီအချိန်က စပြီီး ဟောသည့် Cinema and Drama Department ရဲ့ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဒေါက်တာ ဟန်သစ်နွယ်ပါ... "

ဟန်သစ်၏ စကားတို့က သွန်း၏ နားထဲသို့
ဝင်တစ်ချက်၊ မဝင်တစ်ချက်။
သွန်းတစ်ယောက် ခေါင်းကို
ငိုက်စိုက်ချထားမိလေသည်။

ငါက ဌာနမှူးရှေ့မှာမှ သူ့ကို ကီပင်လို့ ပြောခဲ့မိတာလား... ညနေကျ ဘယ်လို ရင်ဆိုင်ရပါ့မလဲ...
အား... စိတ်ညစ်လိုက်တာ...

" တီချယ်က တီချယ်နဲ့ပတ်သတ်တဲ့ ကောလာဟလတွေကို ဂရုမစိုက်ပါဘူး... အနုပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင် ဝေဖန်တိုက်ခိုက်မှုကို အနည်းနဲ့အများ ကြုံတွေ့ကြရမှာပဲ... အဲ့တော့ ငါ့သားတွေ၊ ငါ့သမီးတွေအနေနဲ့လည်း ဝေဖန်မှုတွေမှာ နာကျင်မခံစားကြပါနဲ့ ... အနုပညာလောကဟာ မင်းတို့ထင်တာထက် ရှုပ်ထွေးတယ်... တို့ရုပ်ရှင်လောကက အဆိုးဆုံးပေါ့ ... ငါ့သားတွေ၊ ငါ့သမီးတွေအားလုံး အခက်အခဲတွေကို ကြံ့ကြ့ံခံ ကျော်ဖြတ်ပြီး အောင်မြင်တဲ့ အနုပညာ ကြယ်ပွင့်လေးတွေ ဖြစ်ကြပါစေလို့ တီချယ်က ဆုတောင်းပေးပါတယ်ရှင်... "

By Loving (own creation)Where stories live. Discover now