အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)

Comenzar desde el principio
                                    

သွမ့်ပိုင်ယွဲ့က အနောက်မှနေ၍ ကိုယ်ကိုကိုင်းကာ ချူယွမ်ပခုံးကို ဖက်ထားလိုက်သည်။ ထို့နောက် ကြေးမုံထက်ရှိ အရိပ်ပေါ် အကြည့်ချင်းဆုံစေလိုက်သည်။

"နောင်တစ်ချိန်ကျ သူ မင်းကို စိတ်အနှောင့်အယှက်ပေးလာခဲ့ရင် သူ့ကို ကိုယ် ဒေါသထွက်အောင်ဆွပေးမယ်။ ဘာပဲဖြစ်ဖြစ် ရှီးနန်စံအိမ်တော်နဲ့ ကွမ်းဟိုင်မြို့နဲ့က သိပ်မှမဝေးတာ"

"ဒီစစ်ပွဲပြီးသွားရင် ကျိုယွင်ဟယ့်က ဒီတောင်ပိုင်းနယ်စပ် ကွမ်းဟိုင်မြို့မှာ ဆက်ရှိနေမှာမဟုတ်ဘူး၊ ငါ သူ့ကို ရွှေမြို့တော် ပြန်ခေါ်သွားမှာ"

သွမ့်ပိုင်ယွဲ့ နှုတ်ခမ်းဆူသွားသည်။

ဟိုလူကိုလည်း ပြန်ခေါ်၊ ဒီလူကိုလည်း ပြန်ခေါ်နဲ့.....ငါတစ်ယောက်တည်းကပဲ အပြင်မှာ အပစ်ပယ်ခံနေရတာများလား။

သွမ့်ပိုင်ယွဲ့ရုပ်ကို ချူယွမ်မြင်သွားတော့ ရယ်ချင်သွားကာ တစ်ဖက်လူ၏ ရင်ခွင်ထဲကို မှီထားလိုက်သည်။ ရှစ်ဇီကလည်း အပြင်ဘက်တွင်ရှိသော အပေါ်ဝတ်ရုံလွှာ၊ ခြေနင်းတော်နှင့် အခြားအဆင်တန်ဆာများကို သွားရောက်ယူဆောင်နေရာမှ အခန်စထဲပြန်ရောက်လာရာ အချင်းချင်းပူးကပ်ပြီး ဖက်တွယ်နေကြသော ထိုနှစ်ယောက်ကိုမြင်တော့ ချက်ချင်းပင် ခြေနှစ်လှမ်းဆုတ်လိုက်ကာ ခေါင်းငုံ့ထားလိုက်၏။

"အထဲလာခဲ့လိုက်ပါ ရှစ်ဇီ၊ တခြားလူတွေ စောင့်ရတာ ကြာနေလိမ့်မယ်"

သွမ့်ပိုင်ယွဲ့လည်း မတ်တတ်ပြန်ရပ်လိုက်ပြီး ရှစ်ဇီအား လှမ်းပြောလိုက်တော့မှ ရှစ်ဇီလည်း ချူယွမ်ကို ထူပေးလိုက်ကာ ဝတ်ရုံများလဲလှယ်ပေးသည်။ အဖြူသန့်သန့် ပိတ်စပေါ်တွင် ရွှေရောင်ချည်ထိုးပန်းထိုးများဖြင့် ချုပ်လုပ်ထားလေရာ ဘေးနားတွင် ယှဥ္ရပ်နေသော ကျောက်စိမ်းခါးပတ်ပတ်ထားသည့် သွမ့်ပိုင်ယွဲ့၏အဖြူရောင်ဝတ်ရုံနှင့် လွန်စွာမှ ပနံသင့်ကာ လိုက်ဖက်လွန်းလှပေ၏။

"အပြာရောင်ဝတ်စုံရော၊ အဲ့တစ်ထည်က ပိုပြီး ပါးတယ်လေ"

ရာသီဥတုက ပူအိုက်နေတာကို။ ဒီနေ့လည်း ခါတိုင်းရက်လို သင်္ဘောဆိပ်သွားရဦးမှာ ၊ အဲ့တစ်ထည်ဝတ်ထားမှ ချွေးမစိုမှာ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Donde viven las historias. Descúbrelo ahora