FOD Extra 1_ Chapter (10-2) (Z+U) - နှစ်ယောက်တည်းကမ္ဘာ

Start from the beginning
                                    

ရွှယ်လီဒန်နီက စကားပြောလေလေ၊ သူမအပေါ်အပြစ်ရှိသလို ခံစားရလေလေဖြစ်သည်။

လူသားတွေဟာ အဲဒီလိုပါပဲ။

သူတို့ရဲ့ ရည်မှန်းချက်ပြီးမြောက်အောင် ကြိုးစားအားထုတ်ရာမှာ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အကုန်လုပ်ဖို့ဝန်မလေးပေ။ လုပ်ပြီးမှသာ ပြန်စဉ်းစားမိပြီး ဘာမှ ပြန်လည် မပြင်ဆင်နိုင်တော့ပေ။

နောက်ဆုံးတွင် ရွှယ်လီဒန်နီသည် ရက်စက်ကြမ်းကြုတ်သော ရွှယ်လွေ့ မဟုတ်ခဲ့လို့ ရက်စက်မှုကြီးကို လိပ်ပြာသန့်သန့် ကျူးလွန်ဖို့ လုံးဝမဖြစ်နိုင်ပေ။ ဆယ်ကျော်သက်ကောင်လေးကို သတ်ရန်သူကြံစည်ပုံကို သူမ စဉ်းစားသောအခါ သူမ၏နှလုံးသား၌ ဒေါသနှင့်နာကြည်းမှုအားလုံး တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။ သူမက အခု အကြွေးတင်နေမိပြီ။ ယခု သူတို့ လင်မယားက အကြွေးတင်နေုပြီ။

သူမ ဒီလိုတွေးမိတာနဲ့ ချက်ချင်းပင် အေးဆေးငြိမ်သက်သွားပြီး သားဖြစ်သူက ကော်ဖီစားပွဲတွင်ထားခဲ့သည့် အိမ်သော့ကိုကောက်ကိုင်လိုက်ပြီး တောင်စောင်းရှိ အိမ်သို့ ပြောင်းသွားရန် စီစဉ်ခဲ့သည်။

သူမ၏သမီးကို လှမ်းကြည့်ကာ နှစ်သိမ့်လိုက်သည်။

"ကျင်းရီ၊ မကြောက်ပါနဲ့။ မင်းအဖေနဲ့ဆွေးနွေးပြီးပြီ။ ခုအချိန်မှာ ငါတို့်သင့်တော်တဲ့ လမ်းကြောင်းတွေကနေ တဆင့် မင်း အတွက်နှလုံးသားတစ်ခု ရှာတွေ့ပါလိမ့်မယ်။ အမေ တရားမဝင် ဘာမှမလုပ်တော့ပါဘူး။ ကိုယ့်ကိုကိုယ် ဒီလို စိတ်ဖိစီးစေတဲ့ အတွေးကို မတွေးပါနဲ့တော့။ အမေတို့ ဟွေ့ရီကို ဘာမှ မလုပ်လိုက်မိဘူးလေ။ အခု သူက ဒီမှာ ကောင်းကောင်းစားတယ်၊ ကောင်းကောင်း ဝတ်ရပြီး ကောင်းကောင်းနေရတယ်။ ပြီးတော့ သူ့အစ်ကိုကြီးကလည်း သူ့ကို ဂရုစိုက်ရတယ် ။ ဟွေ့ရီကို ငါတို့ရွှယ်မိသားစုဝင်လို့ သတ်မှတ်လိုရတယ်လေ။ မင်း ဆွစ်ဇာလန်ကို သွားစရာမလိုပါဘူး။ အမေနဲ့ အတူ သမီးက Royal Court က အိမ်မှာ လိုက်နေလို့ရတယ်။ အဲ့ဒီက စံအိမ်က ဒီလို ကောင်းမွန်ပါတယ်။ ဒီထက် အဆင့်မနိမ့်ပါဘူး "

ရွှယ်ကျင်းရီက ဘာမှုထင်မြင်ချက်မပေးပဲ နားထောင်နေသည်ဟု ထင်ပေမယ့် တကယ်တော့ သူမစိတ်ထဲမှာ အတွေးတစ်ခုသာရှိသည်။ အဖြစ်မှန်ကို သိလိုက်ရတာကြောင့် သူမ အသက်ရှင်ဖို့ မျှော်လင့်ချက် ပေါ်လာလေပြီ။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now