အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)

Comincia dall'inizio
                                    

"အဘွား တောထဲကခူးလာတဲ့ ဟင်းရွက်တွေ ဝယ်မလို့လားကွယ့်"

"ဟင်းရွက်ဝယ်ဖို့ မဟုတ်ဘူး"

သွမ့်ယောင်က စိမ်းစိုနေသော ဟင်းရွက်များကြားက ပန်းပွင့်တစ်ခုကို ဆွဲယူလိုက်ကာ-

" ဒီဟာကို ဝယ်မလို့ပါ၊ ဘွားဘွား ရောင်းပေးမှာလားဟင်"

ဟေ့!!!!! ဟေ့!!!!!

ယဲ့ကျင် မျက်လုံးများပြူးကျယ်သွားရ၏။

အဘွားအိုက ခေါင်းခါပြလိုက်ကာ -

"သခင်လေးက ဒီပန်းကိုပဲ လိုချင်တာလား။ ဒါ တောင်ထိပ်ကနေ ခူးလာတာ ၊ စားလို့မရဘူး၊ အလှကြည့်မယ်ဆိုလည်း အထားမခံဘူး။ ဒါပေမယ့် သခင်လေးကြိုက်တယ်ဆိုရင်လည်း ယူသွားလိုက်ပါ၊ ငွေရှင်းစရာမလိုဘူး"

ယဲ့ကျင်က အင်္ကျီလက်ကို ခပ်ကြမ်းကြမ်းပင်ခေါက်တင်နေသည်။

"အဲ့လိုလုပ်လို့မရဘူးလေ"

သွမ့်ယောင်က အဝတ်အိတ်သေးသေးလေးထဲမှ အသပြာစအနည်းငယ်ထုတ်ယူလိုက်ကာ သူမလက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ဒီပန်းက ဆေးဘက်ဝင်တယ်၊ ဘွားဘွားရဲ့။ တခြားလူအမြင်ထဲမှာ တန်ဖိုးမဲ့ပေမယ့် ကျွန်တော်ကတော့ ဒီပန်းကနေ အကျိုးအာနိသင် ထုတ်သုံးနိုင်တယ်၊ ဒီတိုင်း အလကားသက်သက် အမြတ်ထုတ်လို့ ဘယ်ဖြစ်မလဲ"

"ဒီလောက်တောင် စျေးကြီးတယ်လား"

အဘွားအိုက အံ့ဩနေ၏။

"နောက်တစ်ခုရှိသေးတယ်။ ဒီပန်းက အဆိပ်ရှိတယ်၊ တောင်ပေါ်မှာ တစ်ပင်တည်းရှိတယ်ဆိုပေမယ့် ဘွားဘွား ဒီဟာကို နောက်တစ်ခေါက် သွားတွေ့မိရင် သတိထားရမယ်နော်။ သတိလက်လွတ် သွားကိုင်လို့မရဘူး"

ထို့နောက် သွမ့်ယောင်လည်း ကျေးဇူးတင်စကားဆိုကာ ထရပ်ပြီး အနီရောင်ပန်းလေးကိုကိုင်ကာ သူ့ထိုင်ခုံသို့ပြန်သွားလိုက်သည်။ ထို့နောက် အဝတ်စတစ်ခု ယူလိုက်ကာ ထုပ်သိမ်းလိုက်၏။ ထို့နောက် ဝက်​ခြေထောက်ကို ဆက်ကိုက်စားနေလိုက်သည်။

ယဲ့ကျင်ကမူ အခြားတစ်ဖက်​ြခမ်းတွင် ထိုင်နေကာ တဝင်းဝင်းတောက်နေသော အကြည့်များဖြင့် သူ့ကိုကြည့်လာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Dove le storie prendono vita. Scoprilo ora