Chapter-18 : Shotgun marriage? part 1

Start from the beginning
                                    

"စား​လေ မင်း​ဗိုက်​ဆာ​နေ​ရော​ပေါ့ "

"​ကျေးဇူး ခင်​များလည်​စားပါ "

စုဇစ်​​ယောင်​ ဟင်း​တွေကို မြည်းစမ်းဖို့ရာ မ​စောင့်​နိုင်​​တော့​ချေ ။ ကြည့်​ရသည်​မှာ အလွန်​အရသာရှိပုံ​ပေါ်၏ ။ ဒီရက်​​တွေမှာ ဆက်​တိုက်​အန်​​နေရသည်​မို့ သူ့တွင်​ စားချင်​စိတ်​ဟူသည်​မှာ များများစားစား မရှိပါ​ချေ ။ ထိုအချိန်​မှာ​တော့ သူနှစ်​နှစ်​ခြိုက်​ခြိုက်​ပင်​ စား​သောက်​ခဲ့သည်​ ။

"​နောက်​ဆို ဟင်း​တွေကို ကိုယ်​ချက်​မယ်​ ဒီ​လိုဆို မင်းရဲ့ခန္ဓာကိုယ်​လည်း အာဟာရဓာတ်​ ပြည့်​တာ​ပေါ့ "

လော့​ယောင်​ ​ရေတစ်​ခွက်​ကို ​လောင်းချရင်း ရိုးရိုးသားသားပင်​​ပြောလာသည်​ ။

"​နေ့ခင်းက ကိုယ်​​ပြောခဲ့မိတာ​တွေအတွက်​ ​တောင်းပန်​ပါတယ်​ ကိုယ်​မင်းကို က​လေးဖျက်​ချဖို့အကြုံမပြုခဲ့သင့်​ဘူး ကိုယ်​​ပြောခဲ့တာ​တွေကို စိတ်​ထဲမထားပါနဲ့  "

စုဇစ်​​ယောင်​ သူ၏လက်​ကို ​ခါယမ်းလိုက်​ရင်း-

"ဘယ်​ကသာ! ခင်​များ ကျွန်​​တော်​ကောင်းဖို့​ပြောမှန်း သိပါတယ်​ ကျွန်​တော်​ကသာ.. ဟီးဟီး ကျွန်​​တော်​အပြစ်​မမြင်​ပါဘူး ပြီး​တော့ ခင်​များက ဟင်းချက်​​ကောင်း​တော့ ခင်​များဆီက အလုပ်​ကို မခိုး​တော့ဘူး(tn-ဟင်းချက်​မကူဘူး ဘာညာ) ဒါ​ပေမယ့်​ ​နောက်​ဆိုရင်​​တော့ ဟင်းချက်​ပစ္စည်း​တွေကို​တော့ ကျွန်​​တော်​ ၀ယ်​ပါ့မယ်​"

"မလိုပါဘူး အတန်းပြီးတာနဲ့ ကိုယ်​၀ယ်​လာခဲ့မယ်​ မင်းတတ်​နိုင်​သမျှ လှုပ်​လှုပ်​ရှားရှားမလုပ်​ဘဲ အနားယူရမယ်​"

လော့​ယောင်​ ငြင်းပယ်​လိုက်​တဲ့အခါ စုဇစ်​​ယောင်​ဆီမှာ ရှက်​ရွံ့ရိပ်​အချို့ ဖြတ်​​ပြေးသွားတာကို မြင်​လိုက်​ရသဖြင့်​ သူကပင်​ထပ်​ပြီး​ပြောလာသည်​ ။

"မရှက်​ပါနဲ့ ကိုယ်​ဒီနားတစ်​၀ိုက်​ ငှါးရမ်းခ​တွေအကုန်​ လိုက်​ကြည့်​ထားတာ အားလုံးကမင်းထက်​ နှစ်​​ထောင့်​ငါးရာ​လောက်​ ပိုများ​နေတယ်​ အဲတာ​ကြောင့်​ ကိုယ့်​အတွက်​အများကြီး သက်​သာသွားတာ ပြီး​တော့ ကိုယ်​တို့နှစ်​​ယောက်​လုံးကလည်း အများကြီးမစားနိုင်​ကြဘူး​လေ အစားအစာနဲ့ အခြားလိုအပ်​တာ​တွေ ကိုယ်​ပဲဝယ်​ပါ့မယ်​ "

ငါမင်းကိုတာဝန်မယူစေချင်ဘူး//IDWYTBR// (Myanmar Translation)Where stories live. Discover now