အပိုင်း (၁)

13.5K 202 2
                                    

"ယွန်း အပြင်မှာ မိုးတွေရွာနေတယ်နော်၊ ထီးကောပါရဲ့လား"

"အင်း ပါတယ်...ငါ့ကောင်လေးလည်း လာကြိုမယ်တဲ့ ရောက်တော့မယ်"

"အင်း အဲဒါဆို ငါတို့ သွားနှင့်ပြီနော်... မနက်ဖြန်မှ တွေ့ကြမယ်..."

ယွန်းလှ ရုံးဆင်းခါနီးမှ သည်းလာတဲ့ မိုးတွေကိုကြည့်ပြီး ကိုကိုတစ်ယောက် အဆင်မှပြေရဲ့လား ကားလမ်းမဘက် လှမ်းမျှော်ကြည့်လိုက်တယ်။

ရုတ်တရက်ကြီး ဆင်ဝင်းအောက် ထိုးရပ်လာတဲ့ BMW ကား အမည်းပေါ်မှ Boss နဲ့အတူ ကောင်လေးတစ်ယောက် ဆင်းလာပြီး ယွန်းလှရပ်နေတဲ့ဘက်ကို လျှောက်လာတဲ့အချိန် သူမသတိထားလိုက်မိတာက......

သူ......

ယွန်းလှ လုံးဝမတွေ့ချင်တဲ့ တစ်ဦးတည်းသောသူက အခုသူမရှေ့တည့်တည့်ကို ပြုံးပြုံးကြီး လျှောက်လာနေလေရဲ့... ဘယ်လိုတောင် ကံဆိုးမှုပါလဲ။

"ယွန်း ရုံးဆင်းတော့မှာလား .... အမ ရုံးခန်းကို ခဏလိုက်ခဲ့ပေးလို့ အဆင်ပြေမလား "

ဟုတ် အမ....

Fenix Production ရဲ့ ပိုင်ရှင် မမြတ်ကေသီက အသက် ၃၅ နှစ်၊ အသားခပ်လတ်လတ်၊ အရပ် ၅ ပေ ၅ လက်မနဲ့ အရမ်းတော်ပြီး ထက်မြက်လွန်းလို့ Productin တစ်ခုကို ထောင့်စေ့အောင် အုပ်ချုပ်နိုင်သူပါ။ ယွန်းလှအပေါ်လည်း ညီအမ တစ်ယောက်လို အရမ်းကောင်းပါတယ်။

ယွန်း ကိုကို့ဆီ မက်ဆေ့ချ်ရိုက်ပြီး ဆင်ဝင်းအောက်မှာစောင့်နေဖို့ ပို့လိုက်တယ်။ အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ သူက အမ ဘေးက ဆိုဖာပေါ်မှာ မိန်မိန်ကြီး ထိုင်နေလေရဲ့...

"ယွန်း .... ဒါက ခေတ်သွေးတဲ့၊ အမ နောက်ရိုက်မယ့် series မှာ မျက်နှာသစ်အနေနဲ့ ပါလိမ့်မယ်...

အမက မင်းကို သူ့ရဲ့ မန်နေဂျာလုပ်ပေးစေချင်တယ်"

"အမ ယွန်း..... "

"သြော် ညီလတ်တို့က တခြားသူတွေ ကြည့်ပေးလို့ရပါတယ်။ ခေတ်သွေးအမေက အမကိုသေချာမှာထားတာမို့ သူ့ကိုက ယွန်းကြည့်ပေးမှရမှာ... အမ စိတ်ချရတာ ယွန်းပဲရှိတယ်လေ"

"ယွန်း အလုပ်တွေလည်း မပြတ်သေးဘူးအမ ... အခုလောလောဆယ် သူ့ကို ကလျာကိုပဲ ကြည့်ခိုင်းလိုက်လို့ မရဘူးလားအမ"

"ကလျာက ဒေဝီကို နယ် scene အတွက် နောက်အပတ်လိုက်ပေးရမှာ"

"ကိုယ် မင်းကို ဒုက္ခပေးမှာ စိုးရိမ်လို့လား "  ရုတ်တရက်ကြီး ဝင်ပြောလိုက်တဲ့ သူ့စကားကြောင့် ယွန်းလှ ထိတ်လန့်သွားတယ်။ မကေသီကတော့ အထွေအထူး သတိမထားမိတဲ့ပုံနဲ့ စကားဆက်ပြောတယ်။

"ခေတ်သွေးက ဒုက္ခပေးတက်တဲ့သူ မဟုတ်ပါဘူး ယွန်းရဲ့... အမ မင်းကို မနက်ဖြန်က စပြီးတော့ တောင် လုပ်စေချင်နေပြီ.. သူက အသစ်ဆိုတော့ အမတို့လုပ်ပေးရမှာတွေ များတယ်လေ"

ယွန်း ဆက်ပြီး ငြင်းနေရင် မကောင်းတော့မှာမို့ ဒီနေရာကနေ မြန်မြန်လက်စသတ်ပြီး မြန်မြန်ထွက်ချင်နေပြီ။ ကိုကိုကလည်း ရောက်နေပြီဆိုတာ မက်ဆေ့ချ်ပို့ထားတယ်လေ။

"ဒုက္ခပေးမှာစိုးလို့မဟုတ်ပါဘူး ယွန်းတို့ က ပြသနာတွေကိုရှင်းနေကြပဲကို ... အမ တောင်းဆိုနေတော့လည်း ယွန်းကို စဉ်းစားချိန်လေးပေးလို့ရမလား၊ ယွန်း မနက်ဖြန်ပြန်ပြောပေးမယ်နော်...."

"အိုကေ See you ယွန်း"

မကေသီကို ယွန်းစကားဆဖြတ်ပြီး ထထွက်လာလိုက်တယ်။ သူမ နောက်ကိုတော့ လှည့်မကြည့်ချင်တော့တာ 100 % ပါပဲ။

အောက်ထပ်ရောက်ခါနီး ရုတ်တရက် သူမကိုယ်လေး ဆွေ့ကနဲပါသွားတယ်။

နင်.....................

Note: အခုမှ စဖတ်တဲ့ သူတွေအတွက် အစပိုင်းလေးတွေကို သည်းခံပြီး ဖတ်ပေးကြပါနော်... ပထမဆုံးစရေးတာမို့ လိုအပ်ချက်တွေ များစွာရှိနေတာကိုလည်း သိပါတယ်... နောက်အပိုင်းတွေကို သေချာကြိုးစားပြီး ရေးပေးထားတာမို့ အဆင်ပြေ မပြေ comment လေးတွေ ပေးသွားရင် သိပ်ကို ကျေးဇူးတင်မှာပါ 💖

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now