မဟုတ်မှ...
သူမ ပြက္ခဒိန်ကို အပြေးကြည့်သည့်အခါ သူမ ရာသီစက်ဝန်းသည် ကျော်လွန်လို့နေခဲ့သည်...
"မဖြစ်နိုင်ဘူး... မဖြစ်ရဘူး... သူမ သံယောဇဉ်တွေ ဖြတ်နိုင်ပြီ ထင်ခဲ့တာလေ..."
ထိုစဉ် ထမင်းစားခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သော သက်ပိုင်သည် မီးဖိုချောင်မှ အစေခံများ၏ တီးတိုးစကားများကို လက်သီးစုပ်ရင်း နားထောင်နေခဲ့လေသည်...
"ဟဲ့ မမလေးက ကိုယ်ဝန်များရှိနေလားမသိဘူးနော်..."
"အေးဟ ဖြစ်နိုင်တယ်... ဒါပေမယ့် ဆရာနဲ့က ရောက်လာတည်းက အခန်းခွဲအိပ်တာမလား..."
"အေးဟုတ်တယ် မဟုတ်မှ အခြားတစ်ယောက်နဲ့ရတာလား... "
"ငါတို့ ဆရာ သနားပါတယ်... သူဒီအိမ်ကို တခါမှ မိန်းခလေး ခေါ်မလာဘူးတဲ့ဟာ..."
"ဟဲ့ တိုးတိုး ဆရာ ထမင်းစားခန်းမှာ ရှိနေတယ်... ကြားသွားအုံးမယ်.."
"အေးအေး ဆရာပြီးရင် ဆေးရုံသွားမယ်ထင်တယ် သွားသွား ပြင်ဆင်လိုက်အုံး..."
"တောက်...."
"တကယ်လို့ ယွန်းမှာ ကိုယ်ဝန်ရှိနေခဲ့ရင် ဘယ်လိုလုပ်ရမလဲ..."
"အကို ဆေးရုံသွားတော့မှာလား ယွန်းဒီနေ့တော့ မလိုက်တော့ဘူးနော်...."
"အင်း နားလိုက်အုံးနော် ယွန်း ပြီးတော့ဘာစားချင်လဲ ကိုယ်ပြန်လာရင် ဝယ်ခဲ့မယ်..."
"အင်း... ယွန်း မြန်မာ မု့န့်ဟင်းခါးစားချင်တာ..."
"အဲ့ဒါဆို အိမ်က ကောင်မလေးတွေကိုပဲ ချက်ခိုင်းထားလိုက်မယ်နော်... ကိုပြန်လာရင် အတူစားမယ်..."
"အင်း..."
"မပြုံး ယွန်းက မုန့်ဟင်းခါးစားချင်တယ်ပြောတယ် တချက် ချက်ထားပေးပါအုံး ကျွန်တော်ပြန်လာရင် အတူစားမယ်..."
"ဟုတ်ကဲ့ သိပါပြီ ဆရာ..."
"အဖေ... ယွန်းမှာ ကိုယ်ဝန်ရှိနေခဲ့ရင် ကျွန်တော် ဘယ်လိုလုပ်ရမလဲ..."