အပိုင်း (၅၆)

1.7K 75 6
                                    

ဝါဝါသည် မင်းခေါင်ဆီသို့ သွားရောက် ရန်ရှာခဲ့ပါသည်။

"အဲ့မိန်းမက ရှင့်ဆိုင်ကနေ ထွက်သွားတာကို ကျွန်မသူငယ်ချင်းကိုယ်တိုင် မြင်ခဲ့တာနော်..."

"ကျွတ် ဝါရာ သူဘယ်အချိန်က လာသွားမှန်းတောင် ငါမသိဘူး... မင်းဘာသာ ယုံချင်ယုံ မယုံချင်နေ..."

"ရှင့်သူကို ငယ်ငယ်ကတည်းက ကြိုက်တယ်ဆိုတာ ကျွန်မသိပြီးသား မင်းခေါင်... ရှင်ကျွန်မကို ဖြတ်တယ်ဆိုတာ သူ့ကိုပြန်တွေ့လို့မလား..."

"ဝါ မင်း ...."

မင်းခေါင်သည် ဝါဝါ၏ တဖတ်သတ်စွပ်စွဲချက်များကို ဆက်သည်းမခံနိုင်တော့သောကြောင့်ပင် သူမကို ဖြတ်လိုက်ခြင်းဖြစ်သည်... ယခုသူမသည် မဆီမဆိုင် ယွန်းလှကိုပင် ထည့်သွင်းနေလေပြီ... အမှန်ပင် ယွန်းလှ ဘယ်အချိန်ကလာသွားမှန်း သူမသိချေ...

ယွန်းလှသည် ဘုရားမှ Rio လေးနှင့် ပြန်လာပြီးနောက် ဘယ်မှ မသွားဖြစ်တော့ချေ... Okura မရှိသည့်အတွက် Tracy က Rio လေးဆီ ရံဖန်ရံခါလာလည်သည်... သူမလည်း မမြတ်ဆီ ခဏတဖြုတ်သွားကာ ညီလတ်တို့နှင့် တွေ့ရင်း ခေတ်သွေးကို သတိမရအောင် ကြိုးစားနေနေခဲ့လေသည်...

"ဒီအိမ်က ခေတ်သွေးအိမ်လားမသိဘူး..."

"ဟုတ်ပါတယ်... ဘယ်သူနဲ့တွေ့ချင်လို့လဲ..."

"ကျွန်တော်သူ့သူငယ်ချင်းပါ ... စည်သူလို့ခေါ်ပါတယ်... အခုမှ နိုင်ငံခြားက ပြန်ရောက်လို့ သူ့ကို လာနှုတ်ဆက်တာပါ..."

"Jack ဘယ်သူလဲ..."

အိမ်ရှေ့တွင် Jack နှင့် လူတစ်ယောက်စကားပြောနေသည်ကို တွေ့သဖြင့် ယွန်းလှခြံထဲ လမ်းဆင်းလျှောက်နေရာမှ သူတို့ဆီ သွားလိုက်သည်...

"ဟို... ယွန်း... ယွန်းမလား..."

"ဟင် ကိုစည်သူ..."

"မမလေးနဲ့သိတာလား..."

စည်သူက သူမကို အရင်မှတ်မိသွားကာ သူမလည်း ချက်ချင်ပင်း မှတ်မိသွားလေသည်... ခေတ်သွေးဘေးမှ အနီးကပ်ဆုံးသူမို့ သူမ မှတ်မိနေခြင်းပင်ဖြစ်သည်... သူမကို လိုက်ကြိုက်ခဲ့သည်ကိုတော့ အမှတ်ပင် ထားမနေတော့ချေ...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now