"ဒုန်း ... ဒုန်း... ဒုန်း..."
"ယွန်း...ယွန်းလှနွယ်... ယွန်းလှနွယ်... "
သူမငိုယိုကာ အိမ်ရှေ့ဆိုဖာမှာတင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်လေသည်...
တံခါးကို တဒုန်းဒုန်းဒုန်းထုကာ သူမ နံမည် ခေါ်သံကြောင့် သူမနိုးလာခဲ့ရသည်...
"အမေ..."
ဒီနေ့အလုပ်နားရက်ပင်... ဖုန်းကို ကြည့်မိတော့ အားကုန်နေသည်... အမေသည် ငယ်ငယ်ကအတိုင်း စိတ််မရှည်တုန်း...
"နင့်မျက်နှာက ဘာဖြစ်နေတာလဲ... "
"ဘာမှမဖြစ်ပါဘူး အမေ..."
"အမေ ဘာကိစ္စရှိလို့လဲ ကြိုမပြောဘဲနဲ့"
"နင့်အလုပ်နားရက်မှန်းသိလို့ လာလိုက်တာ ဖုန်းလေးဘာလေးလည်း ဖွင့်ထားစမ်းပါအုံး..."
"အားကုန်နေလို့ပါ..."
"အင်း ပြောလိုက်ရင်တော့ ... ဒါနဲ့ နင် ခေတ်သွေးရဲ့ မန်နေဂျာလုပ်နေတယ်ဆို..."
"အမေ ဘယ်လိုလုပ်သိတာလဲ"
"Media တစ်ခုက တင်တဲ့ interview တခုမှာတွေ့လိုက်တာ..."
"သူပြန်ရောက်တာကြာပြီလား..."
"အမေက သူနိုင်ငံခြားထွက်သွားတာ သိတယ်လား..."
"ငါမေးတာသာ ဖြေစမ်းပါ..."
"မကြာသေးဘူးထင်တယ်..."
"သက်ပိုင်က မနေ့က ငါ့ကို ဖုန်းဆက်တယ်... အဲဒါကြောင့်လည်း လာခဲ့တာ... "
"နင်တို့ ယူမှာလား..."
"အမှန်အတိုင်းပြောရရင်တော့ သမီး အဆင်သင့် မဖြစ်သေးဘူး အမေ..."
"အင်း ငါနင့်အခြေအနေသိချင်လို့ လာခဲ့တာ... မယူသေးဘူးဆိုလည်း ငါ့ကို ပိုက်ဆံနည်းနည်း ပေးစမ်းပါ..."
"အမေ ရှုံးလာပြန်ပြီလား..."
"ပေးမှာသာ ပေးစမ်းပါ... ငါ့သားဆို ၂ ခါမတောင်းရဘူး..."
ဒေါ်ဇင်လေးက တိုးတိုးပြောလိုက်သော်လည်း ယွန်းလှက အနည်းငယ်ကြားသွားရာ
"ဘယ်က သားလဲအမေ..."
"နင်မသိပါဘူး ပိုက်ဆံသွားယူ... ပေးမှာသာ ပေးစမ်းပါ..."