ယွန်း.......
ကိုယ့်ရဲ့ ယွန်း........
ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး အချိန်မှာ မင်းရောက်လာခဲ့ပြီး... ကိုယ့်ဘဝ လင်းလက်နေတဲ့အချိန် မင်းက ပြန်ထွက်သွားတယ်တဲ့လား....
ဘယ်သူကခွင့်ပြုလို့လဲ.... ဘယ်သူကခွင့်ပြုလိုအမြဲတမ်း အမြဲတမ်း မင်းသဘောနဲ့မင်း .....
ဟာကွာ....ကိုယ့်ဆီက ထွက်ထွက်သွားတတ်တဲ့ မင်းကို ကိုယ်ဘယ်လိုလုပ်ရမလဲ.....
မင်းဘယ်ကို ထွက်သွား ထွက်သွား ကိုယ်က ရအောင်လိုက်ရှာတတ်တာ မင်းသိတယ်မလား....
ဒီတစ်ခါလည်း ကိုယ်ရအောင်လိုက်မှာ....
ဒီဘဝမှာ ကံကြမ္မာက ကိုယ်တို့ဘက်မှာ လုံးဝမရှိခဲ့ရင်လည်း ကိုယ်အရှုံးမပေးဘူး...
မင်းသိတယ်မလား ကိုယ်ဘယ်လောက် ခေါင်းမာလဲဆိုတာ....
ဒါပေမယ့် ဒီတစ်ခါတော့ မင်းနောက်လိုက်လာမယ့် ကိုယ့်ကို မင်းကပဲ အရင်လာရှာပေးပါ... ကိုယ်ဒါလေးတော့ တောင်းဆိုခွင့်ရှိတယ်မလား.....
ဟင်... ကိုယ့်ရဲ့ ယွန်းလေး အေးနေပြီပဲ.... ကိုယ် ဒီလောက် ဖက်ထားပေးတာတောင်မှ ... မဖြစ်ပါဘူး အိပ်ယာထဲသွားကြမယ်နော်....
ခေတ်သွေးသည် ပြောပြောဆိုဆို ဝရန်တာမှာ ထိုင်နေရင်းမှ အေးစက်နေသည့် ယွန်းလှနွယ်၏ ခန္ဓာကိုယ်လေးအား ပွေ့ချီရင်း အိမ်ထဲသို့ ဝင်လိုက်လေသည်....
သူ့ရင်ခွင်ထဲက အဖြူရောင်လေးအား ကျိုးကြေသွားမည်နှယ် အိပ်ယာပေါ်ဖြည်းညှင်းစွာ ချလိုက်ပြီးနောက် သူမ မျက်နှာပေါ်ကျနေသည့် ဆံနွယ်လေးတွေကို သူဖယ်ရှားလိုက်သည်....
ယွန်းလှနွယ်သည် ရိုးတွင်းချင်းဆီ အစားထိုးလိုက်နိုင်သော်လည်း အထိခိုက်မခံတော့သည့် သူမခန္ဓာကိုယ်သည် သူမအတွက် နှစ်အနည်းငယ်သာ ဆွဲ့ဆန့်ပေးနိုင်ခဲ့လေသည်...
ခေတ်သွေးသည် ပြင်ဆင်ထားသည့် မင်္ဂလာဦးကုတင်၏ ဘေးတစ်ဖက်သို့ ဝင်ထိုင်လိုက်ရင်း ဘေးနားက စားပွဲပေါ်ရှိ သူတို့ pre wedding ဓာတ်ပုံလေးကို ယူလိုက်သည်... ထို့နောက် စောင်ခြုံပေးထားသည့် ယွန်းလှ လက်တစ်ဖက်လေးကို ကိုင်ကာ...