အပိုင်း (၅၅)

1.7K 70 4
                                    

ခေတ်သွေးနှင့် ယွန်းလှတွင် တူညီသည့် အရာတစ်ခုရှိပါသည်။ ၎င်းမှာ အချင်းချင်းမည်မျှပင် မကျေနပ်စရာရှိမှာမူ တစ်ဖက်က သေချာတောင်းပန်ရင် ခွင့်လွှတ်ပေးကာ တခါမှ မဖြစ်ခဲ့ဖူးသည့်အရာကဲ့သို့ သတ်မှတ်လိုက်ချင်းပင်။ ယွန်းလှအတွက်တော့ ထိုအချင်းအရာသည် လူတိုင်းအတွက် ဖြစ်တန်ရာသော်လည်း ခေတ်သွေးအတွက်မူ ယွန်းလှသည်သာ ချွင်းချက်ဆိုသည်ကို မည်သူမှ သိမည်မဟုတ်ပါ။ ယွန်းလှသည် ခေတ်သွေးကြောင့် အကြိမ်ကြိမ်အခါခါ နာကျင်ခဲ့ရသော်လည်း ခေတ်သွေးမှ ပြန်လည်တောင်းပန်သည့်အခါတိုင်း စိတ်လျော့ကာ ခွင့်လွှတ်ပေးတတ်စမြဲပင်။ ခေတ်သွေးသည်လည်း ယွန်းလှအား စိတ်ဆိုးသည့်အခါတိုင်း၊ သူ့ကိုထားသွားသည့်အခါတိုင်း သူဘယ်လောက် ဒေါသထွက်ထွက် သူ့ဘက်က အမြဲ ယွန်းလှကို စတင်ခေါ်လေသည်....

ယွန်းလှအိပ်ရာနိုးချိန်တွင်တော့ ထုံးစံအတိုင်း ခေတ်သွေးက အိပ်ရာတွင်ရှိမနေတော့။ ထိုကဲ့သို့ မနက်မျိုးကိုပင် သူမ ကျင့်သားရနေချေပြီ။ သူမ ရေမိုးချိုးကာ အောက်ထပ်သို့ ဆင်းလာချိန်တွင်တော့ ဧည့်ခန်းထဲတွင် Rio လေးအား တစ်ခုခုပေးနေသည့် Okura ကို တွေ့လိုက်လေသည်။ သူမ ရုတ်တရက်မို့ စိုးရိမ်သွားကာ အပြေးသွားလိုက်ပြီး Rio လေးအား သူမနောက်သို့ ပို့လိုက်လေသည်။ Okura သည် ကလေးအရပ်မှီအောင် ခါးကုန်းပြီး ပေးနေသည်ဖြစ်ရာ သူမအမူအရာကြောင့် သူမခါးကို ပြန်လည်တည့်မတ်လိုက်သည်။

"အို Sorry နော် ကျွန်မက ကလေးကို မုန့်ကျွေးနေတာပါ..."

"မလိုပါဘူး... ယွန်းသားက အဲဒါတွေမကြိုက်ဘူး..."

"အို ကျွန်မ မသိလိုက်ဘူး...."

ယွန်းလှသည် Okura အား ကျောခိုင်းကာ လှည့်ထွက်ဖို့ ပြင်လိုက်လေသည်။

"ဒါနဲ့ ရှင် ကျွန်မကို အရမ်းကြောက်နေတာလား?... ကျွန်မ ရှင့်သားကို တခုခု လုပ်မှာ စိုးရိမ်နေတာလား...?"

Okura ၏ အမေးစကားကြောင့် ယွန်းလှနွယ် သူမဘက်သို့ ပြန်လှည့်လိုက်လေသည်။

"ကျွန်မ ဘာကြောင့် စိုးရိမ်နေရသလဲဆိုတာ Okura san က ပိုသိမယ်ထင်ပါတယ်..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now